အရင်းနှီးဆုံးသူစိမ်းလေး

470 11 0
                                    

"ကလေး ''

"ဟာ ကိုကို နေ့လည်နဲ့ ညနေမှားပြီး လာတာလား''

ရွဲ့ပြီးပြောနေတာကို သိပေမယ့် သူကလည်းသူဘဲလေ
နေ့လည်စာထမင်းစားမယ်​ပြောထားပြီး ညနေမှ စကိတ်ကွင်းသို့ ရောက်လာသောကြောင့် ကလေးငယ်ရဲ့ ရွဲ့ပြောနေတာကို သိသည် သူ့အပြစ်နဲ့သူမို့ ကလေးငယ်ကို ချော့ဖို့သာ စဥ်းစားလိုက်သည်

"မိန်မိန်း ကိုကို chocolate icecream ဝယ်လာတယ်လေ''

"ပေး''

မျက်စောင်းပိစိလေး နဲ့ လက်ထဲက မုန့်ကိုတော့ဆွဲလုသွားသည်...

"မိန်မိန်း ကိုကို့ ဒယ်ဒီ ပြန်ရောက်နေလို့ ဖုန်းမဆက်လိုက်ရတာပါ စိတ်မကောက်ပါနဲ့တော့နော် ကိုကို တောင်းပန်ပါတယ် ''

"ကိုကို ကျွန်တော့်ကို မချစ်တော့ဘူးမှတ်လား''

"ဟာ ဘာတွေလျှောက်ပြောနေတာလဲကလေးရယ်''

"လျှောက်ပြောနေတာမဟုတ်ဘူး တဂယ်ပြောနေတာ ကိုကို ကောင်မလေးရနေပြီမှတ်လား''

"မဟုတ်ပါဘူးဆို ကလေးရယ်''

"ခုတော့ စိတ်မရှည်တော့ဘူးမှတ်လား''

"အယ် ကလေးလေး မရစ်ပါနဲ့ကွာ''

"ခုတော့ ရစ်တယ်ပေါ့''

"ဟာ''

"ဘာ ဟာလဲ ကိုကိုပြော အမှန်တိုင်းပြော''

တအားတွေရစ်နေတဲ့ကလေးလေးကို အူတွေယာနေပြီဖြစ်တဲ့
စွမ်းထက် ခါးလေးကနေ သိမ်းကြုံးဖတ်လိုက်ကာ ထော်နေတဲ နှုတ်ခမ်းဖူးလေးကို အနမ်းပေးလိုက်သည်

"ဟာ နှာဘူးကြီး လူမြင်ကွင်းကြီးမှာ''

တအားရှက်သွားပုံပင် ကလေးလေးပါးလေးတွေပါ နီရဲပြီး ပြေးထွက်သွားလေသည်

"မိန်မိန်းး''

လှည်တောင်မကြည့်တဲ့ ကလေးလေးကို မှီအောင် ပြေးလိုက်သွားခဲ့သည် အပင်အောက်ထိုင်ခုံတန်းလေးတစ်နေရာမှာ အေးဆေးထိုင်ကာ ရေခဲမုန့်ထိုင်စားနေသော ကလေးငယ်ကို တွေ့လိုက်တော့ ရယ်ရခက်ငိိုရခက်...

"မိန်မိန်း ဘာလို့ပြေးသွားတာလဲ မောလိုက်တာ''

"မောမှာပေါ့ အသက်ကဖြင်ကြီးနေပြီ''

ကိုယ့်ရဲ့ ဘုရင်လေးOnde histórias criam vida. Descubra agora