"နေသာ သက်သာလား''
"ငါ ဒီဆေးရုံမှာမနေချင်တော့ဘူး DR. .ကိုပြောပေးပါ အိမ်ပြန်ချင်တယ်''
"ပြန်ရမယ်နေသာ ကိုစွမ်း ဆေးရုံဆင်းဖို့နဲ့ အိမ်မှာသူနာပြုငှားဖို့တွေရော် အကုန်စီစဥ် ပေးခဲ့တယ်''
"ဘယ်လို''
ဟုတ်ပါတယ် ။ မနက်စွမ်းထက် မပြန်ခင် ကလေးငယ် ဆေးရုံမှာ နေရတာကို မကြိုက်တာ သိ၍ အိမ်မှာနေရဖို့
ဆေးရုံအုပ်နဲ့သေချာ ဆွေးနွေးတိုင်ပင်ခဲ့သည်။သူနာပြုတစ်ယောက်ကိုလည်း ငှားပေးခဲ့သည်
ဘယ်လောက်ဘဲ အလုပ်တွေရှုပ်ရှုပ် ကလေးငယ်ကိုတော့ သူလုံးဝ မမေ့ပေ သူ့ဘဝရဲ့အရေးပါတဲ့ ရှင်ဘုရင်လေး မဟုတ်လား....."ဟုတ်တယ် နေသာ ကိုစွမ်း အားလုံး စီစဥ်ပေးပြီးပြီး ပစ္စည်း တွေသိမ်းပြီး အိမ်ပြန်ကြမယ်နော်''
"သူနာပြုတော့ မလိုပါဘူး ငါကောင်းနေပါပြီ''
"အဲ့ဒါတော့ မင်းရဲ့ ကိုကိုလာမှပြော ငါမပြောရဲဘူး''
မပြောရဲဘူးလို့သာပြောရတာ မနေ့က ကိုစွမ်းကို
ထိုးခဲ့မိတာ နေသာလျှံ တစ်ယောက်သိရင် မိုးမီးလောင်မည်မှာ အသေချာပင်......................
မှန်တံခါးလေးနား လိုက်ကာရွှေရောင်လေးဟာ ငြိမ်သက်လို့နေသည်။ ရုံးခန်းအတွင်း စာရွက်လှပ်သံ copy ကူးသံ
နာရီသံလေးတွေက လွဲလို့ တိတ်ဆိတ်လို့နေသည်။
Coffee ပူပူလေးကလည်း အေးစက်နေတဲ့ အနေထားရောက်နေတာတောင် သောက်မည့်သခင်က မေ့လျော့နေသလား..စာပွဲခုံပေါ် အထီးကျန်လို့နေသည်
လက်မှတ်ထိုးပေးစရာရှိတာတွေကိုသာ တစ်ခုပြီးတစ်ခု လုပ်နေတယ် စိတ်ကတော့ ကလေးငယ် အဆင်ပြေပါ့မလား ဆိုတဲ့ အသိစိတ်ကလေးက စိုးမိုးလို့နေပေသည်"အကိုလေး နောက် ၁၅မီးနစ် နေရင် ကြော်ငြာတစ်ခုအတွက် Meeting join ဖို့ရှိပါတယ်''
"ကောင်းကင် ပိုးဟပ် အဆင်ပြေလား ခ နဲ့အဆက်သွယ်ရလား''
"ရပါတယ် သူတို့ဆေးရုံဆင်းသွားပြီပြောပါတယ် အားလုံးအဆင်ပြေပါတယ် အကိုလေး''
"Omm ရပြီ ငါလာခဲ့မယ်''
မျက်နှာမကြည်မလင်ဖြစ်နေတာကြောင့် ကောင်းကင်ယံ စကားအပိုမပြောဘဲ အရိုသေတစ်ချက်ပြပြီး အခန်းထဲမှ လှည့်ထွက်လာခဲ့တော့သည်
YOU ARE READING
ကိုယ့်ရဲ့ ဘုရင်လေး
Romanceပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်