အကိုလေး အကိုလေး..
ကားအဆင်သင့်ဖြစ်ပါပြီမနက်ခင်းနေရောင်ချည်အလင်းတန်းဖြာဖြာလေးတွေရဲ့အောက်မှာ ငွေမျှင်ရောင်ပေါ့ပေါ့ပါးပါး တီရှပ်တစ်ထည်နဲ့ဂျင်းအနက်ဒူးဖုံးလေးက်ုဝတ်ထားသောကြောင့် ကလေးဆန်ပြီး ချစ်စရာကောင်း နေသည် နဂိုလို ဆံပင်ကေကို ဘေးခွဲမဟုတ်တော့ဘဲ ကိုရီးယားမင်းသားလိုလို တရုတ်မင်းသားလိုလို လိုက်တော့လိုက်သား အညိုရင့်ရောင်လေးကလည်းဆိုးထားသေးတယ် နေကာမျက်မှန်နဲ့
A(ကိုစွမ်းသူငယ်ပြန်နေတာအကိုလေးကိုကြည့်ပြီး ကောင်းကင်တစ်ယောက် တအားကို အံ့သြနေတော့တယ် "ကိုလေး ပိတ်ရက်ကို ကားထုတ်ခိုင်းထားတာ ဘယ်သွားမလို့လဲ ပြီးတော့ ဆံပင်ကေက ဘယ် ဘယ်လို"
"ကားသော့သာပေးစမ်းပါ"
"ဗျာ ကျွန်တော်မလိုက်ရဘူးလား ဒီနေ့ပိတ်ရက်လေ အပြင်ထွက်ချင်တယ်ဗျ လိုက်ခွင့်ပြုပါနော် အိမ်မှာကျွန်တော်ပျင်းနေတော့မှာဘဲ နော် အကိုလေ လိုက်မယ်လို့"
ရေပတ်မဝင်အောင်ကောင်းကင်ယံတို့ပြောနေသော်လည်း သူ့နားထဲမရောက် ဆူပုတ်ပုတ်နှုတ်ခမ်းလေးနဲ့ ရန်တွေ့နေတဲ့ သူ့ကလေးငယ်ဆီသာ စိတ်ရောက်နေသည်
ကားသော့ကိုကောင်းကင်ဆီမှာဆွဲယူပြီး"နေခဲ့ ငါမပြီးသေးတဲ့အလုပ်တွေဆက်လုပ်ထား ညနေထမင်းစားမစောင့်နဲ့ ကိုယ့်ဘာသာစား "ပြောပြောဆိုဆို နဲ့ ကားမောင်းထွက်သွားလေပါရော "အကိုလေး အကို ကို ဟွန့် ရည်းစားနဲ့သွားချိန်းတွေ့မှာကျနေတာဘဲ ကျွန်တော်ကိုတောင်ပစ်ထားရက်တယ် တွေ့မယ်ပြန်လာမှ ဟွန့်"
တီ တီ.... တီ...ကားပေါ်မှ မှန်ကိုအသာချကာ မျက်မှန်ကိုချွတ်ရန်လုပ်နေစဥ်
"ခင်ဗျား ဘာလာလုပ်ပြန်ပြီလဲ ခင်ဗျားကိုမရောင်းဘူးလို့ပြောထားတယ်လေ နားမပါဘူးလား နားမရှိတာလား မေ့တတ်တာလား မေ့တတ်တဲ့ရောဂါရှိတာလားပြော"
ဘောင်းဘီတိုနဲ့ တီရှပ် အပြာရောင် လက်ပြတ်ကလေးခပ်ပွပွ
ဆံပင်ပွပွလေးနဲ့ ဖောင်းကားနေသောပါးပြင် စကားပြောနေရင်ထွက်ထွက်လာတတ်သော သွားတတ်လေးနဲ့ စွာစိလန်နေသောကလေးငယ်ကို သူမေ့နိုင်မည်မထင်တော့ပါ
ESTÁS LEYENDO
ကိုယ့်ရဲ့ ဘုရင်လေး
Romanceပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်