"ဒယ်ဒီ ဘယ်တုန်းက ပြန်ရောက်နေတာလဲ သားကိုလည်း
ဖုန်းမဆက်ပါလား သားလာကြိုမှာပေါ့ မာမီရော်''"သားမာမီက ဟိုမှာကျန်ခဲ့တယ် ခုသားကို ဒယ်ဒီတို့ပြောစရာတွေရှိနေလို့ အကြောင်းမကြားဘဲ လာလိုက်တာ''
စွမ်းထက် ဒယ်ဒီက နိုင်ငံခြားကနေ ရုတ်တရက် အကြောင်းမကြားဘဲ ပြန်လာခဲ့တာကြောင့် စွမ်းထက် အရမ်းကိုပျော်နေသည်။ မတွေ့ရတာ ၅နှစ်ကျော် ၆နှစ် နီးပါးကပ်နေပြီ လုပ်ငန်းတွေကို စလုပ်ထဲက အခြေကျတာနဲ့ မိဘနှစ်ပါးလုံး နိုင်ငံခြားမှာရှိနေတဲ့ စီးပွားရေးကို တစ်စိုက်မတ်မတ် လုပ်ကိုင်နေတာကြောင့် ဖုန်းနဲ့သာအဆက်သွယ်လုပ်ပြီး အလွမ်းသယ်ခဲ့ရတယ်လေ
တစ်ဦးတည်းသော သားလေးကို ပစ်ထားကာ စီးပွားရေးကိုသာ အာရုံစိုက်၍ နေလေသည်.....ဘာဘဲပြောပြော ရင်ထဲမှာ အတိုင်းမသိ ဝမ်းသာကာ ဒယ်ဒီ ရင်ခွင်ပြေးဝင်ပြီး တအားတွေဖတ်ထားကာ ပါးကို တစ်ရှုတ်ရှုတ် နမ်းနေတာ ၃နှစ်သားကလေးလေးနဲ့ မခြားနား..."သား အလုပ်တွေအဆင်ပြေလား''
စလာထဲ အလုပ်အကြောင်းကို တန်းမေးတာကြောင့် ဘဝင်မကျပေမယ့် မျက်နှာလေးကိုပြုံးဖြီးကာ အရမ်းလွမ်းနေတာမို့ ဒယ်ဒီမျက်နှာလေးကိုသာ ကြည့်၍ အဆင်ပြေကြောင်း ခေါင်းတစ်ချက် ညိမ့်ပြလိုက်လေသည်...
"ဒယ်ဒီ အကြာကြီးနေရမယ်နော် နောက်တစ်ခါဆို မာမီ့ကိုပါခေါ်ခဲ့''
"အေးပါ သားရယ် ဒါနဲ့ မောင်ကောင်းရော ဒယ်ဒီမတွေ့ပါလား ဘယ်သွားလဲ''
"ဟို ည ညDuty ဆင်းတယ်လေ ''
ကောင်းကင် ပြန်မလာတာ သုံးညလောက်ရှိနေပြီကို
လိမ်ပြောလိုက်ရခြင်းပင်......"မောင်ကောင်းက အရမ်းအလုပ်ကြိုးစားတာဘဲ သူရှိနေတာ သားအတွက်အားတစ်ခုဘဲ ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံနော်သား''
"ဟုတ်ကဲ့ပါ ဒယ်ဒီ ''
"ဒယ်ဒီ ပေါ်ကလည်းဆင်းပါဦး ကလေးလိုလုပ်မနေနဲ့
အရွယ်လည်းကြည့်အုံး မိန်းမ ယူသင့်နေပြီ''"ဗျားးးးး''
"မဗျာနဲ့သား အိမ်ထောင်ပြုဖို့ စိတ်ကူးအုံးနော် ''
YOU ARE READING
ကိုယ့်ရဲ့ ဘုရင်လေး
Romanceပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်