*ကိုကို မိန်းကလေးတွေနဲ့တော့ မတွဲလိုက်ပါနဲ့နော်
အကယ်၍ တွဲခဲ့ရင်တောင် ကျွန်တော်မသိပါစေနဲ့ဗျာ*
ဘာအဆက်သွယ်မှမရတော့တဲ့ ချစ်သူကို ဒိုင်ယာရီ စာအုပ်လေးတစ်အုပ်ထဲမှာဘဲ နေသာလျှံ ဆုတောင်မှုတွေအပြည့်
ထည့်ရေးလာခဲ့တာ တစ်နှစ်နီးပါးကြာမြင့်ခဲ့ပါပြီ.......
အမဖြစ်သူ မေဇာသာကလည်း လုပ်ငန်းတွေရှိနေသေးတာမို့
ကနေဒါကိုပြန်သွားခဲ့တာကြောင့် အိမ်ကြီးထဲ အထီးကျန်စွာ
နေလာခဲ့ရတာ အခုဆို နေသားတကျတောင်ဖြစ်နေပါပြီ
ဘွဲ့ယူခဲ့စဥ်ကလည်း မည်သူမျှမရှိ ကောင်းကင်ယံနဲ့ဘုန်းခ တို့အတွဲသာ အနားမှာ ရှိနေခဲ့ပါတယ်.......အချိန်တွေကို မျက်ရည်များဖြင့်သာ ဖြတ်သန်းလာခဲ့တယ်
အထီးကျန်မှုတွေကို ကော်ဖီတစ်ခွက်နဲ့ အဖော်ပြုတယ်
သူဖြစ်ချင်တဲ့ အင်ဂျင်နီယာ ဖြစ်နေရပေမယ့်
သူမပျော်နိုင်
လုပ်ငန်းခွင်ကို စတင်ဝင်ရောက်တဲ့ အချိန်တွေတုန်းက
စိတ်နဲ့လူနဲ့မကပ်နိုင်ဘဲ ပြသာနာတွေ များစွာတတ်ခဲ့ရတယ်
စိတ်ထဲ ကိုကို သာ စိုးမိုးနေတာမို့ လွမ်းတဲ့စိတ်က ဖြေမရနိုင်ပါ ထားခဲ့တာလား ပြစ်သွားတာလား ယောကျ်ားလေးမို့လို့ ရင်မခုန်တော့တာလား ကောင်မလေး ရသွားတာလား
ဘာကိုမှ စဥ်းစားလို့မရ......*ကိုကို နေနိုင်တယ်ဗျာ*
ပြတင်းပေါက်လေးနား ဒိုင်ယာရီ စာအုပ်အပြာရောင်လေးပေါ် မျက်ရည်စက်ကလေးများ ကြွေဆင်းလာမှုကြောင့်
မှင်တွေတောင်ပြယ်ကျလာခဲ့တာ တစ်အုပ်လုံးလိုလိုပါဘဲ
စာအုပ်လေးဖွင့်ပြီးရေးတိုင်း မျက်ရည်စက်များကြောင့်
အလွမ်းဒိုင်ယာရီလေးရဲ့ ရာဇဝင်က သူ့သခင်ရဲ့ ငိုကြွေးမှုတွေနဲ့ပြည့်နှပ်လို့နေပေသည်.......အကြိမ်ကြိမ်ကြည့်ခဲ့ရသော နှစ်ယောက်တွဲ ဓာတ်ပုံလေးကလည်း ဝါးတားတား....
လွမ်းတိုင်း ကို့ကို အိမ်ကိုသွားနေတတ်တဲ့ အကျင့်လေးကလည်း ပြင်မရတော့ပါ
တစ်ခါတစ်လေ ကောင်းကင်ယံနဲ့စကားတွေပြောပြီးပြန်လာသလို...တစ်ခါတစ်ခါ ကို့ကိုအခန်ထဲ ဝအောင်ငိုပြီး ပြန်လာခဲ့တဲ့ နေ့တွေကလည်းမနည်း...
YOU ARE READING
ကိုယ့်ရဲ့ ဘုရင်လေး
Romanceပိုးဟပ်ဖြူရဲ့အချစ်ဇာတ်လမ်းဖြစ်သည် သိပ့်ချစ်ပြီး သိပ့်ဂရုစိုက်တတ်တဲ့ကိုကိုကြောင့် ဘဝမှာ ပြီးပြည့်စုံနေသူဟာ ပိုးဟပ်ဖြူ ဖြစ်သည်