မြတ်နိုးမိသော မေပယ်လ်<or> လမ်းခွဲ( こうさてん)/ Unicode

3.6K 98 16
                                    

လမ်းခွဲ

🍁
🍁
🍁

လူတစ်ယောက် ။
မွေးဖွားလာကတည်းက ပျော်ရွှင်ခြင်းများပျောက်ဆုံးနေရသော ထိုလူ။
ထိုလူဟာ အခုလည်း မျက်နှာသေနှင့် ငြီးငွေ့ဖွယ်ကောင်းသော ရှင်သန်ခြင်းလမ်းကို တစ်ယောက်တည်း ပျင်းရိစွာလျှောက်လို့နေလေ၏။

ထိုစဥ် မေပယ်လ်ပင်လေးနှင့်ခုံတန်းနီနီလေးကိုတွေ့လိုက်ရသည့်ထိုလူဟာ ဘာရည်ရွယ်ချက်မှမရှိပါဘဲ ထိုခုံတန်းနီလေးမှာ ဝင်ပြီးထိုင်လိုက်သည်။

ဘယ်သူထင်မှာလဲ?
အနှီနေရာကို မျက်ဝန်းရိုင်းတွေနဲ့ နှလုံးသားငယ်တစ်ခုဟာလည်း ရောက်ရှိလာမယ်လို့။

ထူးဆန်းစွာပဲ ထိုအေးစက်စက်လူသားဟာ မျက်ဝန်းရိုင်းလေးနဲ့နှလုံးသားငယ်လေးကို ခင်မင်မိလို့သွားသည်။ ပျော်ရွှင်ခြင်းဆိုတာ ဘာမှန်းမသိသောသူ့ဘဝမှာ အဲဒီနှလုံးသားငယ်လေးကြောင့်ပဲ ပြုံးရယ်ခဲ့ရသည်။ နာကျင်ခဲ့ရသည်။ သတိတရတွေရှိပြီး အမှတ်တရတွေဖြစ်ခဲ့ရသည်။

သို့သော် တစ်ခဏပါပဲ။
အချိန်တန်သည့်အခါ ထိုနုငယ်လွန်းသောနှလုံးသားငယ်ကို သူမသိခဲ့လေသောမေပယ်လ်ပင်အိုကြီးဆီမှာထားခဲ့ကာ တစ်ယောက်တည်းနာကျင်စွာပဲ ရှေ့ကိုဆက်လျှောက်ခဲ့ရပြန်သည်။
သို့ပေမဲ့ သူ့ရင်ဘတ်ထဲမှာ ခုန်နေသောနှလုံးသားတော့မပါလာခဲ့တော့။

အချိန်တွေဟာ ရာသီတွေကိုအဖော်ပြုပြီးရွေ့လျားနေပေမဲ့ သူ့ဘဝကတော့ အရင်လိုတစ်ယောက်တည်းဖြစ်နေတုန်းပဲ။ အသက်တွေသာ တဖြည်းဖြည်ကြီးလာတယ် ။ သူကတော့ အလွမ်းသီချင်းလေးကိုဆိုညည်းရင်း အတိတ်ကအချစ်ဦးလေးကို လွမ်းလို့ကောင်းတုန်း။

ဒီလိုနဲ့ လမ်းခုလပ်တစ်နေရာမှာ တစ်ချိန်ကမျက်ဝန်းရိုင်းတွေကို တစ်ဖန်ပြန်တွေ့ခဲ့ရသည်။ မထင်မှတ်ထားသည့်ရေစက်လေးမို့ ဒီတစ်ကြိမ်တော့ အတင်းကောက်ယူထွေးပွေ့ဖို့ကြံမိစဥ် ဘေးနားက လက်သေးသေးလေးတစ်ဖက်ဟာ ' ပိုင်ရှင်' ဆိုသောစာတန်းလေးနဲ့ လျှပ်တစ်ပြက်ပဲပေါ်လာခဲ့တယ်။ ဘယ်သူပါလဲဆိုပြီး ရင်ထဲကိုမေးကြည့်တော့ သူ့ကိုအချစ်ဆုံးသူပါတဲ့။

မြတ်နိုးမိသော မေပယ်လ်&lt;or&gt;   こうさてん  [လမ်း ခွဲ] (Completed )Where stories live. Discover now