Chapter : 104

13.1K 1.4K 175
                                    

Unicode

ခံတပ်တည်ဆောက်ခြင်း

_______________

တမာပင်ရွာသူကြီး​၏ သားနှင့်သမီးသည် တခြားသောမောင်နှမများလို သူစိမ်းဆန်ဆန်မနေဘဲ အလွန်တရာချစ်ခင်ရင်းနှီးကြ​၏။ တစ်ဦး၏လျှို့ဝှက်ချက်ကို တစ်ဦးတိုင်ပင်ကြကာ သူငယ်ချင်းအရင်းများသဖွယ် ပွင့်လင်းစွာနေထိုင်ကြသည်။ တခြားသူများက မောင်နှင့်နှမကြား ပြောရမည်ကို ရှက်ရွံ့သည့်အရာများကိုပင် သူတို့နှစ်ဦးက သာမန်စကားဝိုင်းပမာ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးလေ့ရှိကြသည်။

သို့ပါ၍ ထိုညတွင် သူကြီး​၏သား မောင်စိန်သည် သူ​၏နှမကလေး ရှင်ထွေးကို တခြားသောအစ်ကိုမောင်များ မပြောဝံ့ကြသောစကားကိုပြော​၏။

ထိုစကားမှာ အခြားမဟုတ်။ နှမကလေးအတွက် လင်ယောက်ျားရှာပေးခြင်းသာ ဖြစ်သည်။

ထိုလင်ယောက်ျားသည်လည်း သာမန်မဟုတ်။ ဝန်မင်း၊ မှူးမတ်၊ သူဌေးသူကြွယ် စသည်တို့​၏သားမြေးအဆင့်ထက်ပင် ကျော်လွန်ကာ ဥတ္တရမင်းသားအရုဏကို နှမလေးအတွက် တက်မှန်းလေသည်။

"အပိုပြောတာမဟုတ်ရပါဘူး။ ကျုပ်သာ မိန်းကလေးဆို မင်းသားအရုဏလို လူမျိုးကို လက်လွှတ်ခံမှာမဟုတ်ဘူး။ ကြည့်စမ်း။ အရည်အချင်းမှာ လူတိုင်းကတဖွဖွပြောရတဲ့အထိ သာလွန်ပြီး မျိုးရိုးကလည်း တော်ဝင်မျိုး။
ရိုး။ ရုပ်ရည်ရူပကာကလည်း တည်ကြည်ပြီးခန့်ညားလိုက်သကွယ်။ ဒီလိုလူမျိုးကိုသာ ညည်းမနှစ်သက်ရင် ငါးကြော်မကြိုက်တဲ့ကြောင်မိုက်ပဲ ဖြစ်မှာ"

မောင်စိန်က ညနေစားတော်ပွဲသွားပို့စဉ် အသေအချာဖူးမြင်ခွင့်ရခဲ့သည့် မင်းသားအရုဏ​၏ပုံပန်းကို ပြန်လည်မြင်ယောင်ရင်း ပြောသည်။

လသာသော ညဖြစ်သဖြင့် ဝါချည်မျှင်ကိုကိုင်ကာ ဗိုင်းငင်နေသည့် ရှင်ထွေးကမူ ဗိုင်းတောင့်ကို ဂရုစိုက်ကိုင်လျက် အစ်ကိုဖြစ်သူ​၏စကားကို ငြိမ်၍နားထောင်နေသည်။

သူမ စကားပြန်မပြောသော်လည်း သူမ​၏စိတ်ထဲတွင် အစ်ကိုဖြစ်သူ့နည်းတူ မင်းသားအရုဏကို တွေးတောမြင်ယောင်လျက်ရှိသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now