Chapter : 117

13.4K 1.3K 657
                                    

Unicode

ခွေးပေါက်လေး အရုဏ

______________________

ပီယံ့​၏အမေးစကားအဆုံးတွင် ရေဝတီ​၏ ထူးခြားသော မျက်ဝန်းများမှာ ဝိုင်းစက်ပြူးကျယ်သွားလျက် ပန်းရင့်ရောင်သမ်းသော နှုတ်ခမ်းနှစ်လွှာဟာလည်း အံ့ဩတကြီးဖွင့်ဟလုနီိးနီး။

သူမသည် အာစေးမိသည့်ပမာ ဆွံအသွားကာ ပီယံ့ကိုအတန်ကြာစိုက်ကြည့်နေမိသည်။ သို့သော်လည်း တစ်စုံတစ်ရာပြန်လည်ပြောဆိုသင့်ကြောင်း သတိချပ်မိသဖြင့်

" ကျွန်ုပ်က နဂါးမှန်း ဘယ်လိုလုပ် သိသွားတာလဲ"

ဟု နှစ်ကိုယ်တည်းကြားသည်ဆိုရုံမျှ အသံနှင့်မေးသည်။ သူမဟာ မဟန်ဆောင်တတ်သူပ်ီပီယခုအခါတွင် သိသိသာသာမျက်နှာပျက်ယွင်းနေသည်။

တစ်ချိန်တည်းပင် ရေဝတီသည် သစ်ကိုင်းပေါ် မြဲမြံစွာမတ်တပ်ရပ်ရင်း သူမခါးကို ဆွဲကိုင်ထားမိသည့် ပီယံ့​၏လက်ကို အသာအယာဖြုတ်ချသည်။ နဂါးဘဝတွင် မသိသာသော်လည်း လူ့ခန္ဓာကိုယ်ဖြစ်သောအခါ ခါးက ထိသည်နှင့်ယားယံလှသည်။ သူမ​၏ခါးကို ကိုင်၍မရချေ။

သူမ ဆွဲဖြုတ်လိုက်သဖြင့် လက်ပြန်ရုတ်သိမ်းသွားသော ပီယံသည် လူကြီးလူကောင်းဆန်စွာပင် အနောက်သို့ဆုတ်ပေးသည်။ သို့မှသာ သူမနှင့်အလွန်တရာမနီးကပ်တော့ဘဲ သူမကို သက်တောင့်သက်သာမရှိအောင် လုပ်ဆောင်ရာမရောက်တော့ချေ။

" သင် ရေတွေကိုထိန်းချုပ်နိုင်တာ သေချာမြင်ခဲ့တယ်။ ပြီးတော့ ရေကိုဆားခတ်ပြ်ီး သောက်တဲ့အကြောင်းရော၊ မျက်ဝန်းထောင့်စွန်းတွေက အမြဲနီမြန်းနေတတ်တယ်ဆိုတဲ့အကြောင်းရော အဲ့တာတွေအကုန်က သင်ကနဂါးဆိုတဲ့ဖြစ်ရပ်မှန်ကို ညွှန်ပြနေတယ်"

မင်းသားပီယံက သူမ,ဆားရေသောက်သည့်အကြောင်းကိုပါသိရှိနေ​၏။ စတွေ့ကတည်းက သူမကိုသံသယရှိသဖြင့် အနောက်ကိုလိုက်နေခြင်း ဖြစ်နိုင်သည်။  မည်သို့ပင်ဆိုစေကာမူ ဤမင်းသားမှာ ထက်မြက်လှကြောင်း ငြင်းဆို၍မရချေ။ သို့မဟုတ် သူမဘက်က ပေါ့ဆခဲ့သည်လည်း ဖြစ်နိုင်သည်။

"ပြောပါဦး။ သင်က ဘယ်နဂါးမျိုးနွယ်ဝင်လဲ။ ပြီးတော့ ဘယ်အကြောင်းကြောင့် အစ်ကိုယုဂန်ကို ဖမ်းခေါ်သွားချင်နေရတာလဲ"

The Everlasting One (volume 2 + 3 )Where stories live. Discover now