Unicode
နောက်ဆုံးသော မြို့သိမ်းတိုက်ပွဲ
___________________
နန်းဆောင်အတွင်းသို့ တပ်မှူးနှစ်ဦး အပြေးအလွှားဝင်ရောက်လာကြသည်။
ထိုသူနှစ်ဦးသည် ပဉ္စမာယာရှေ့မှောက်တွင် ဒူးထောက်လိုက်ကြပြီး မောဟိုက်သောအသံမပျောက်ခင်မှာပင် ပြိုင်တူနီးပါး လျှောက်တင်လာကြသည်။
" မယ်တော်ကြီးဖုရား၊ မင်းသားအရုဏရဲ့တပ်တွေ ဟီရမြို့တော်ဆီကို ဝန်းရံချီတက်လာကြောင်းပါ"
ထိုစကားကိုကြားလိုက်သော်လည်း ပဉ္စမာယာ၏မျက်နှာအမူအရာ မပြောင်းလဲသွားပါချေ။ သူမသည် ဝင့်ချီသောမျက်နှာထား၊ မာန်ရဲသောအကြည့်တို့ကို ထိန်းသိမ်းထားစမြဲဖြစ်ပြီး သောက်လက်စ စံပယ်ရေနွေးကြမ်းကိုတောင် အေးဆေးစွာ သုံးဆောင်လိုက်သေး၏။
ပြီးမှ ရေနွေးကြမ်းခွက်ကို ခုံပေါ်အသာချရင်း
" ထင်ထားတာထက် ပိုပြီးစောရောက်လာတာပဲ"
ဟု တည်ငြိမ်အေးဆေးစွာဆိုသည်။
ပဉ္စမာယာသည် အရင်ကတည်းက ခန့်မှန်းပြီးသားဖြစ်၏။ မင်းသားအရုဏသည် အစွမ်းအစအားဖြင့် သိမ်ဖျင်းနုံချာသူမဟုတ်သောကြောင့်၊ ထို့အပြင် သူ၏ကြင်ရာတော်ယုဂန်မှာလည်း ရှားမှရှားသော လူတော်တစ်ဦးဖြစ်သောကြောင့် သူတို့နှစ်ဦးပေါင်းသောအခါ ဟီရမြို့တော်ကို တစ်နေ့နေ့ တစ်ချိန်ချိန်၌ လာရောက်ထိပါးနိုင်ပေလိမ့်မည်။
သူမ ခန့်မှန်းချက်မမှားယွင်းပါချေ။ ထင်ထားတာထက်ပိုပြီး နည်းနည်းစောသွားတာက လွဲလို့ပေါ့။
မည်သို့ပင်ဆိုစေကာမူ သူမအတွက် စိုးရိမ်ထိတ်လန့်စရာအကြောင်းကိစ္စမရှိပါချေ။ စိုးထိတ်နေ၍လည်း ပြီးမည့်ကိစ္စမဟုတ်သဖြင့် ရင်ဆိုင်စစ်ထိုးပြီး အနိုင်ကို ရအောင်ယူရမှဖြစ်မည့်ပွဲဖြစ်သည်။
ဆင်နှင့်ကျား လယ်ပြင်မှာတွေ့မပေါ့။
နန်းတော်ကို လာရောက်တိုက်ခိုက်ပါက အဆင်သင့်ကာကွယ်နိုင်ရန် သူမပြင်ဆင်ထားသော အရာများရှိသည်။ အရေးကြီးသောစားနပ်ရိက္ခာ၊ ဆေးဝါးမှစ၍ လက်နက်လူသူအဆုံး နန်းတွင်း၌ ပိုလျှံမတတ် အပြည့်ရှိ၏။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...