Warning! Sexual Content atert 🚨
Unicode
တမာပင်မြို့စံအိမ်တွင် ခေတ္တမျှ ငြိမ်းချမ်းခဲ့သည်။
_________________
" ယု...ယုဂန် မင်းပြန်ရှင်လာတယ်!"
မြင်တွေ့လိုက်ရသောအဖြစ်အပျက်ကြောင့် စိတ်လှုပ်ရှားခြင်းကို မချုပ်ထိန်းနိုင်တော့သော နန္ဒသည် တအံ့တဩအော်ဟစ်ကာ ယုဂန်အနားသို့အပြေးလာသည်။
ပီယံမှာမူ ယခုတိုင်ကြောင်အနေဆဲဖြစ်၏။ သူသိထားသည်က သေသွားသောသူကို မည်သည်နည်းနှင့်မျှ အသက်ပြန်သွင်း၍မရနိုင်ချေ။ အသက်ပြန်သွင်းရန်ကြိုးစားပါကလည်း ဖုတ်ကောင်ဘဝသို့သာ ပြောင်းသွားမည်ဖြစ်ပြီး ယခုလို လူကောင်းအတိုင်းပြန်လည်နိုးထလာဖို့မဖြစ်နိုင်ချေ။
ထို့ထက်မူ အခန်းတွင်းရောက်ရှိနေသော ဆံပင်အဖြူနှင့်လူမှာ မည်သူဖြစ်ပါသနည်း။ အစ်ကိုယုဂန်အသက်ပြန်ရှင်လာခြင်းမှာ ထိုလူ့ကြောင့်သာဖြစ်ကြောင်း သူရိပ်စားမိသည်။
ယုဂန်က လှဲနေရာမှ အရုဏ၏အကူအညီဖြင့် ထ,ထိုင်လာသည်။ နရတ်၏မန္တာန်အစွမ်းများကြောင့် သူ၏ခန္ဓာကိုယ်မှာ လုံးဝမသေဆုံးဖူးခဲ့သည့် အသက်ရှင်သည့်ခန္ဓာပမာ အသစ်အတိုင်းပြန်ဖြစ်သွားပြီဖြစ်သည်။
အရုဏက အရှင်နရတ်ကို မာရစ်မျိုးနွယ်၏သခင်လေးဖြစ်ကြောင်း မိတ်ဆက်ပေးသည်။ နန္ဒနှင့်ပီယံတို့ အံ့ဩသွားစဉ်မှာပင် အရုဏက ယုဂန်သည် အမှန်တကယ်မသေဆုံးဘဲ လိပ်ပြာလွင့်သွားခြင်းသာဖြစ်ကြောင်း၊ ထို့ကြောင့် လိပ်ပြာကိုပြန်ခေါ်ပြီး အရှင်နရတ်အကူအညီဖြင့် ခန္ဓာပြန်သွင်းနိုင်ခဲ့ကြောင်း စသဖြင့် လိုအပ်သောအပိုင်းတို့ကိုသာ ဖြည့်စွက်ပြင်ဆင်ပြီး ရှင်းပြသည်။
နန္ဒနှင့်ပီယံတို့သည် ရှင်းပြချက်ကို လွယ်လင့်တကူပင် ယုံကြည်သွားကြ၏။
သို့ပါ၍ သူတို့သည် ယုဂန်ကို နှုတ်ဆက်ပြီးလျှင် အရုဏနှင့်ယုဂန်တို့ အချိန်ကောင်းလေးများရရှိစေရန်အတွက် အခန်းထဲမှ ထွက်ခွာပေးသွားကြသည်။
အရုဏသည် အရှင်နရတ်ကို စံအိမ်၌ခေတ္တနားရန် အခန်းတစ်ခန်းပေး၏။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...