Trigger Warning ⚠️: This chapter contains blood, violence, death and dying .
Unicode
ပန်သျှား၏ ခြောက်ခြားဖွယ်ရာ သွေးချောင်းစီးည
__________________
ပင်လယ်လှိုင်းလုံးများဟာ ရေ,သားရဲကောင်၏ဟိန်းသံပမာ ကြမ်းတမ်းရုန့်ရင်းစွာ မြည်ကြွေးရင်း ကမ်းခြေအား ဘောင်ဘင်ရိုက်ခတ်နေခဲ့သည်။
အလိပ်လိပ်ထနေသော ရေလှိုင်းများပေါ်ဝယ် စိမ်းပြာရောင်နဂါးတစ်ကောင်ဟာ လဲလျောင်းနေလျက် ပင်လယ်ကမ်းစပ်တစ်ခုလုံးအား သွေးဖြင့်ချင်းချင်းနီအောင် ပြုစားထားလေသည်။
အဆိုပါနဂါး၏ဘေးတွင် အမျိုးသားတစ်ဦးသည် နဂါး၏ကိုယ်ပေါ်မျက်နှာအပ်လျက် အပြင်းအထန်ငိုကြွေးနေ၏။
ထိုမြင်ကွင်းကို မြင်တွေ့ရခြင်းက အဏ္ဏ၏သွေးများအား ဒေါသဖြင့် ပွက်ပွက်ဆူသွားစေကာ သူ၏ဆံခြည်မျှင်အစ လက်ချောင်းထိပ်များအဆုံး၊ အကြားအလပ်မရှိ အငြိုးအတေးများနှင့် ပြည့်နှက်သွားလေသည်။
အဏ္ဏ သူ၏လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူ၏ ယူကျုံးမရဖြစ်မိသောစိတ်များက ဒေါသတရားအဖြစ် လက်သီးထိပ်တွင် စုစည်းသွားသည်။
" အား!!! ဒီညပဲ မင်းကိုငါသတ်မယ်!!"
ရင်ထဲမှလှိုက်သော ဟစ်အော်ကြွေးသံနှင့်အတူ အဏ္ဏသည် မျက်တစ်လုံးရှင်ရှိရာဆီ တဟုန်ထိုးပျံသန်းသွား၏။
အဏ္ဏ၏ စွမ်းအားများက မျက်တစ်လုံးရှင်၏ အကာအရံကို တစ်ချက်မျှမနားဘဲ ဆက်တိုက်ရိုက်ခတ်သည်။
မျက်တစ်လုံးရှင်သည် ရှောင်ချိန်၊ ရှားချိန်၊ လွတ်မြောက်ချိန်ပင်မရ။ တစ်စစီဆွဲဖြဲချင်နေသော အဏ္ဏ၏သဲကြီးမဲကြီးတိုက်ခိုက်မှုက မျက်တစ်လုံးရှင်ကို လုံးဝချောင်ပိတ်နေသော သားကောင်ပမာ ဖြစ်နေစေသည်။
မျက်တစ်လုံးသည် အကာအရံကြောင့်သာ အခုထိအသက်
ရှင်နေခြင်းဖြစ်၏။ မျက်တစ်လုံးရှင်၏ လက်တစ်ဖက်က ယခင်တိုက်ပွဲတုန်းက ပြတ်ထွက်ထားသည်ဖြစ်ရာ အဏ္ဏကဲ့သို့ စွမ်းအားကြီးမားလှသည့်သူကို ပြန်လည်တိုက်ခိုက်ရန် စွမ်းအားမလုံလောက်နေချေ။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...