Unicode
ရာဓဇတိုင်းနှင့်တွေ့ဆုံခြင်း
_________________________
ဒေါက်၊ ဒေါက်
တံခါးကို လက်ဆစ်ဖြင့် နှစ်ချက်ဆင့်၍ ခေါက်လိုက်ပြီးနောက် ရှေ့ဆက်မည်သို့ခေါ်ဝေါ်ရမည်ကို ပီယံမိတ်, စဉ်းစားယူလိုက်ရသည်။
ရေဝတီဟုခေါ်ဝေါ်ခြင်းသည် ရိုင်းသည်ဟုမဆိုနိုင်။ သို့ရာတွင် သူမ၏သရုပ်မှန်ကိုသိပြီးဖြစ်သဖြင့် မိမိထက်ဂုဏ်နိမ့်သူနှယ် အမည်ကိုခေါ်ဝေါ်ခြင်းမှာ မသင့်တော်ကြောင်း ပီယံမိတ် ဆင်ခြင်မိသည်။ ထို့ကြောင့်
" အရှင့်သမီး အိပ်ရာကနိုးပါပြီလား"
ဟု ယဉ်ကျေးရိုသေစွာ အခေါ်တော်ရှိလိုက်၏။
ထိုအခါ အရင်ဦးဆုံး အခန်းထဲမှ ဒုန်းဒုန်းဒိုင်းဒိုင်းအသံကြားလိုက်ရသည်။ နောက် အပြေးအလွှားလာသံ။ နောက်ဆုံးမှ အခန်းတံခါးပွင့်သွားသည်နှင့်အတူ ရေဝတီ၏မျက်နှာထွက်ပေါ်လာသည်။
" နိုးပြီ"
ရေဝတီသည် မနေ့ကအတိုင်း ငါးရိုးကျစ်ဆံမြီးကို ပင်လယ်ပြာရောင်ကြိုးများနှင့် သွယ်ယှက်စည်းနှောင်ထားသည်။ သူမ၏ ထူးခြားစွာလှပသောမျက်ဝန်းများမှာ အိပ်ရေးဝ၍ထင့်၊ ကြည်လင်ရွှန်းလဲ့နေသည်။ မျက်ဆန်တို့ကတော့ ပတ္တမြားရောင်နှယ် နီတီတီဖြစ်နေ၏။ နဂါးအသွင်မှ လူအသွင်သို့ပြန်လည်ပြောင်းထားသည်မှာ မကြာသေးသဖြင့် မျက်ဆန်တို့ အနီရောင်ကျန်ရစ်နေခြင်းဖြစ်နိုင်သည်။ ထိုသို့တွေးတောနေခိုက်မှာပင် ရေဝတီ၏မျက်ဆန်မှာ အနီရောင်မှ ပကတိအညိုရင့်ရောင်သို့ ပြန်လည်ပြောင်းလဲသွားပြီဖြစ်သည်။
" အခု မင်းသားအရုဏနဲ့အမတ်ယုဂန်ဆီ သွားပြီး အကြောင်းစုံရှင်းပြရတော့မှာလား"
ရေဝတီက မေးသည်။ သူမ၏လေယူလေသိမ်းမှာ အလွန်တရာပေါ့ပေါ့ပါးပါးရှိလှလေရော ပီယံသည်လည်း သူမကို တရိုတသေမပြောနေတော့ဘဲ သူငယ်ချင်းသဖွယ်ပြောရကောင်းလားဟု ဒွိဟဖြစ်မိသည်။
" အစကတော့ အဲ့သလိုအစီအစဉ်ပေမဲ့ အခုလုပ်လို့မရတော့ဘူး။ အစ်ကိုတော်နဲ့ အစ်ကိုယုဂန် မရှိတော့ဘူး"
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...