WARNING- sexual content alert! read at your own risk
Unicode
ဒေါဝံသို့ ထွက်ခွာခြင်း
___________________
" ယုဂန်"
တိုးညင်းသော်လည်း စိုးရိမ်တကြီးဖြစ်သော ခေါ်သံကိုကြားလိုက်ရသည်။
ထို့နောက် သန်မာသောလက်တစ်စုံက သူ့ပခုံးကိုတင်းကျပ်စွာဆုပ်ကိုင်သည်။ သူ့အနားသို့ တစ်စုံတစ်ယောက်နီးကပ်လာသည်။ ထိုတစ်စုံတစ်ယောက်က သူ၏မြင်ကွင်းများကို ပိတ်ကာ၍ ဖုံးလွှမ်းသွားသည်။
" ယုဂန်။ သတိထားပါဦး အချစ်"
ယုဂန်၏အသိစိတ်တို့ ခန္ဓာကိုယ်နှင့် ပြန်လည်ဒွန်တွဲသွားသည်။ သူ၏ရှေ့တွင်မောင်ကရပ်ကာ သူ့ကိုစိုးရိမ်တကြီးကြည့်နေသည်။
ယုဂန် ဘေးဘီဝန်းကျင်သို့ ပြူးကျယ်သည့်မျက်ဝန်းများဖြင့် ကမန်းကတန်းကြည့်ရှုသည်။ သူ သူတို့၏အခန်းသို့ ပြန်လည်ရောက်ရှိနေလေပြီ။ အခန်းပုံစံမှအစ ပစ္စည်းများအဆုံး အရာအားလုံး ယခင်အတိုင်း ဖြစ်သွားပြီဖြစ်သည်။
မောင်လည်း ပခုံးထိရောက်သော အညိုရောင်ဆံသားကောက်ကောက်ရှည်ရှည်များနှင့် ပုဆိုးတို့ကိုသာဝတ်ဆင်ထားသည်။ သမီးတော်လေးလည်း ပုခက်ထဲတွင် နှစ်ခြိုက်စွာအိပ်မောကျနေသည်။
ပြောင်းလဲသွားသောကိစ္စများကို ယုဂန်တစ်ဦးတည်းသာ တွေ့ကြုံလိုက်ရသည်နှင့်တူသည်။
" အချစ် အဆင်ပြေရဲ့လား။ တစ်ခုခုဖြစ်လို့လား"
" ကျွန်တော်..."
ယုဂန် အသံတိုးဝင်သွားသည်။ ထို့နောက် သူသည် အလွန်းအမင်းအံ့ဩထိတ်လန့်နေသောမျက်နှာကို အလျင်အမြန်ပြင်ဆင်ကာ
" အိပ်မက်ဆိုးမက်လို့ပါ။ အဲ့တာနဲ့အတူ အိပ်ရင်း လမ်းထလျှောက်မိသွားတယ်ထင်တယ်"
ဟု သဘာဝကျကျလိမ်ညာလိုက်သည်။
အအိပ်ဆက်သောအရုဏသည် သူ့ဘေးတွင် ယုဂန်မရှိမှန်း စမ်းမိသည်နှင့် အလိုလိုနိုးလာတတ်သော အကျင့်ရှိသည်။ ခုနကလည်း ယုဂန် ဘေးတွင်မရှိမှန်းသိလိုက်သဖြင့် အိပ်ရာမှနိုးလာခဲ့သည်။ ထိုတွင် ကုတင်ဘေးခပ်လှမ်းလှမ်း၌ တစ်ယောက်တည်း မတ်တပ်ရပ်နေသော ယုဂန်ကို မြင်လိုက်ရခြင်းဖြစ်သည်။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...