Multiuniverse Group

8.2K 1K 174
                                    

Unicode

Multiuniverse Group နှင့်စတင်မိတ်ဆက်ခြင်း

Multiuiverse Group ဟာ universe တစ်ခုထဲကိုပဲအခြေခံပြီး ရေးသားသွားမယ့် ဇာတ်လမ်းရှည် Fantasy ဝတ္ထု သုံးပုဒ်ဖြစ်ပြီး ဇာတ်လမ်းတစ်ပုဒ်နဲ့တစ်ပုဒ်ဟာ အချိတ်အဆက်ရှိမှာဖြစ်ပါတယ်။

ဇာတ်လမ်းတစ်ခုချင်းစီမှာ Main Couple တစ်တွဲစီပါဝင်မှာဖြစ်တဲ့အတွက် couple သုံးတွဲရှိပါလိမ့်မယ်။

ပထမဆုံးအတွဲကတော့ ဟုတ်ပါတယ်။
အရုဏနဲ့ယုဂန်နိုင်ပါပဲ။

နောက်အတွဲနှစ်တွဲကတော့

စုန်းထီး ​(ကြောင်ဖြူယောင်ဆောင်) နရတ် + သုနန္ဒာ

နဂါးမင်းသားအဏ္ဏ + ဘုရင်မဟီသေဋ္ဌ

တို့ဖြစ်ပါတယ်။

အစက ဇာတ်လမ်းဆုံးမှ ပြောမလို့စဉ်းစားထားပေမဲ့ ကြိုမပြောထားရင် " ဟာ အော်သာက ဘာလို့ ဇာတ်လမ်းကို plot hole တွေနဲ့ထားခဲ့တာလဲ" ဆိုပြီးထင်သွားမှာစိုးလို့ ကြိုပြောလိုက်တာပါ။

Plot hole ရယ်တော့မဟုတ်ပေမဲ့ ကျန်အတွဲနှစ်တွဲက ကိုယ်ပိုင်ဇာတ်လမ်းရမှာဖြစ်တဲ့အတွက် သူတို့အတွဲတွေရဲ့ ဇာတ်လမ်းအသေးစိတ်ကို TEO မှာ ပြသမှာ မဟုတ်ပါဘူး။

အရုဏ+ယုဂန်နဲ့ စပ်ဆိုင်တဲ့အကြောင်းအရာတွေကိုပဲ အပြည့်အစုံဖော်ပြသွားမှာဖြစ်ပါတယ်။

ဒါကြောင့် နဂါးမင်းသားနဲ့ ဘုရင်မဟီတို့ကြား ဘာဖြစ်ခဲ့လဲဆိုတာကို ယုဂန်နိုင်သိသလောက်ပဲ TEO မှာသိရမှာပါ။
နောက်​ပြီး နရတ်ရဲ့ ဇာတ်ကြောင်းကိုလည်း အရုဏနဲ့ယုဂန် သိရသလောက်ပဲ TEO မှာဖော်ပြမှာပါ။

အဲ့အတွဲနှစ်တွဲရဲ့ ဇာတ်လမ်းကို အသေးစိတ်မပြရုံကလွဲရင် Hole မရှိအောင် စေ့စပ်တာမို့ TEO ဖတ်ပြီး မကျေမနပ် ဖြစ်ကျန်ခဲ့ရမှာမျိုးတော့ လုံးဝရှိမှာမဟုတ်ပါဘူး။

ဘာလို့ အရုဏနဲ့ယုဂန်က ဒီgp ရဲ့ပထမဆုံးအတွဲ ဖြစ်
သလဲဆို သူတို့ရဲ့ Timeline က အရင်ဆုံးမို့လို့ပါ။

ကျန်နှစ်တွဲက ဇာတ်လမ်းဖြစ်သလိုလိုပေမဲ့ TEO timeline မှာ မဖြစ်ကြသေးပါဘူး။

The Everlasting One (volume 2 + 3 )Where stories live. Discover now