Unicode
အိပ်မက်နှင့်လက်တွေ့
___________________တီတီ တီတီိ...
တီတီ တီတီ.....
ဆက်ကာဆက်ကာ မြည်ဟည်းနေသော ဖုန်းကို အကျင့်ပါနေသော ညာဘက်လက်ဖြင့် လှမ်း၍ ပိတ်လိုက်သည်။
အိပ်ချင်စိတ်ကြောင့် မျက်လုံးဟာ မပွင့်သေးသည့်တိုင် နေ့တိုင်းပိတ်နေကြ နှိုးစက်သံပေမို့ လက်က ဖုန်း၏ခလုတ်နေရာကို အလိုလိုသိပြီးသားဖြစ်သည်။
ရုတ်တရက် သူသတိရသွားသည်။
သူဟာ အဘယ်ကြောင့် ဖုန်းစက်နှိုးသံကို ပိတ်နေပါသနည်း။
ထိတ်လန့်စိတ်နှင့်အတူ မင်းလွင်မျက်လုံးများပွင့်လာသည်။ သူ၏ အိပ်ချင်စိတ်များဟာ မည်သည်ကိုရောက်ရှိသွားသည် မသိရဘဲ ချက်ချင်းပင် ထထိုင်မိလိုက်သည်။
မင်းလွင်ကိုယ့်ကိုယ်ကို ငုံ့ကြည့်သည်။ သူဟာ ဝတ်နေကြ အိမ်နေရင်း တီရှပ်တစ်ထည်နှင့် ဘောင်းဘီတို့ကိုဝတ်ဆင်ထားသည်။ သူရောက်နေသော နေရာဟာလည်း သူ့အခန်းဖြစ်၏။
အချိန်က မနက်၇ နာရီဖြစ်သည်။ တနင်္လာနေ့ဖြစ်၏။
အေးစိမ့်စိမ့်ရှိပြီး ငှက်သံမှတစ်ပါး တခြားသောအသံမကြားရအောငိ တိတ်ဆိတ်နေသည်။
အရာအားလုံးဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ကို ပုံမှန်ဖြစ်နေသည်။
မင်းလွင် ကုတင်ပေါ်မှ ဆင်းကာ အခန်းထဲမှထွက်ပြီး မီးဖိုခန်းဆီသွားသည်။ ထိုတွင် အလုပ်များနေသော မမကိုတွေ့ရသည်။ မမက ထမင်းအိုးထဲမှ ထမင်းပူပူလေးများကို ကလေးထမင်းဘူးထဲသို့ ထည့်နေသည်။
" မမ..."
မင်းလွင် မဝံ့မရဲခေါ်လိုက်မိသည်။
ဤအရာဟာ အိပ်မက်လား၊ လက်တွေ့လားဆိုတာကိုပင် သူမခွဲခြားတတ်တော့ပေ။
မမက မင်းလွင်ကို လှည့်ကြည့်လာသည်။ ထို့နောက် သူဟာ သာမန်ဆန်စွာပင်
"နိုးလာပြီလား။ အုပ်ဆောင်းအောက်မှာ ထမင်းကြော်လုပ်ပေးထားတယ်။ ကြက်ဥကြော်နဲ့စားလိုက်။ လက်ဖက်လည်းရှိတယ်နော်။ မရမ်းသီးကြော်က မနေ့က ငါ့ယောက္ခမ လာပေးသွားတာ"
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...