Unicode
စကားဝှက်၏အဖြေ
____________မှန်ကွဲစများက အမိုးပေါ်မှ အောက်သို့ မိုးရွာသွန်းသည့်ပမာ တဖြိုင်ဖြိုင်ရွာသွန်းကျလာနေသည်။
ယုဂန်သည် မိမိမှတ်ရမည့်စာပိုဒ်၏နောက်ဆုံးအကြောင်းကို စိတ်ထဲမှ အမြန်ရွတ်ဖတ်နေ၏။ သူစာကြောင်းဆုံးချိန်နှင့် တစ်ပြိုင်တည်းဆိုသလိုပင် သူတို့ရှိရာနေရာအပေါ်မှ မှန်အချပ်များ အရှိန်ဖြင့်ပြုတ်ကျလာသည်။
ယုဂန်သည် ပီယံ၏လက်မောင်းကို အလျင်အမြန်ဆွဲယူလိုက်၏။ ထို့ကြောင့် မှန်ကွဲစများ ပီယံ့အပေါ်ပြုတ်ကျမည့်အရေးမှ သီသီလေးလွတ်မြောက်သွားသည်။
ထို့နောက် သူတို့နှစ်ဦးသည် ချက်ချင်းဆိုသလိုပင် အပေါက်ဝရှိရာဘက်သို့ ပြေးကြသည်။
မှန်ကွဲကြေမှုက အနောက်မှ အမြန်အဆန်လိုက်လာသည်။
အပေါက်ဝကိုမြင်ရပြီ။
ဆူးချွန်ပမာထက်ရှသော မှန်များက သူတို့နှစ်ယောက်ရှိရာတည့်တည့်ဆီသို့ အလျင်ဖြင့်ပြုတ်ကျလာသည်။
ယုဂန်နှင့် ပီယံတို့ အပေါက်ဝဆီသို့ အမြန်ခုန်ဝင်လိုက်သည်။ ပစ်ဝင်လိုက်ခြင်းဖြစ်သောကြောင့် အပြင်ဘက်သို့ ရောက်သောအခါ နှစ်ဦးသားမှာ ကြမ်းပြင်ပေါ်သို့ ဝမ်းလျားထိုးနှင့် ပြင်းပြင်းထန်ထန်ပြုတ်ကျသွားခြင်းဖြစ်သည်။
သူတို့နှစ်ဦးအပြင်ရောက်သည်နှင့် ချက်ချင်းဆိုသလိုပင် နံရံပေါ်ရှိ မှန်ဟာလည်း ဖြန်းခနဲဆိုသလို တစ်စစီကွဲကြေသွားသည်။
ယုဂန်သည် ထိုအခါမှ အသက်ရှူရမည်ကို ပြန်လည်သတိရကာ ပီယံ့ဘက်ကိုလှည့်ကြည့်လိုက်သည်။
" ကပ်သီးလေးပဲ"
ပီယံ ခေါင်းညိတ်ပြသည်။ ထို့နောက် သူတို့နှစ်ဦးသည် အသက်ဘေးမှလွတ်မြောက်သွားသည်ကို ဝမ်းသာမိသည့်သဖြင့် ခပ်ဟဟရယ်လိုက်မိကြသည်။
ရယ်ပြီးမှ သူတို့မတ်တပ်ထရပ်ကြ၏။
ထိုအချိန်တွင် ပတ်ဝန်းကျင်မှာ ခုနကနှင့်ခြားနားစွာ ငြိမ်သက်နေပြီး ရွဲ၏စစ်သည်များဟာလည်း ကြမ်းပြင်ပေါ်တွင် အတုံးတုံးအရုံးရုံးနှင့် ဇာတ်သိမ်းနေပြီဖြစ်သည်။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...