Trigger Warning ⚠️: This chapter contains blood, violence, death and dying .
Unicode
သွေးနှင့် ဝိဉာဉ်ချုပ်အိုး
________________ယုဂန်၏ညာဘက်ဒူးအထက်မှ ချိပ်ရောင်သည်းသော သွေးပျစ်ပျစ်များ အဆီးအတားမဲ့ ဒလဟောယိုစီးကျလာသည်။
ယုဂန်၏နာကျင်လွန်းသော အော်ဟစ်သံနှင့် ဝေဒနာကြောင့် ရစ်ဝဲလာသောမျက်ရည်များက အရုဏ၏သည်းစိုင်နှလုံးကို ရေနွေးငွေ့များ ကျုက်ကျိုက်ဆူသွားသည့်ပမာ လောင်မြိုက်ပြီး ဟုန်းဟုန်းထသွားစေသည်။
ဘီလူးအသွင်ဖြင့် အရုဏသည် ရင်ခေါင်းထဲမှလာသော သားရဲဘီလူး၏ဟိန်းဟောက်သံကြီးနှင့်အတူ အကာအရံအား လက်သီးဖြင့် ထိုးသည်။ သို့သော် အကာအရံဟာ လှိုင်းပမာ အလိမ့်လိမ့်ထ,၍ တုန်ခါသွားသည့်တိုင် အက်ကွဲရာသေးသေးလေးတောင် မဖြစ်လာချေ။
အသူရာနတ်များက အရုဏကို လှောင်ပြောင်လိုသောအားဖြင့် ရယ်ကြ၏။ သူတို့၏ နတ်အစွမ်းဖြင့် စီမံထားအပ်သော အကာအရံကို ဘီလူးတစ်ကောင်က ချိုးဖျက်ခြင်းမှာ ကျောက်တုံးကို အပ်နှင့် ပေါက်နေနှယ်သာရှိသည်ဟု သူတို့က ယုံကြည်ကြသည်။ အသူရာတို့က သူတို့၏ အစွမ်းအပေါ် ယုံကြည်ချက်အားပြင်းလွန်းလှ၏။
အရုဏသည် မိမိ၏ဘီလူးအစွမ်းကို အဆုံးစွန်ထိအသုံးပြုပြီးနိုင်ကတည်းက အလွန်တရာ အင်အားကြီးသောစာရင်း ပါဝင်ပြီးဖြစ်သည်။ သူ၏ မှော်အစွမ်းမှာ မင်းသားအဏ္ဏထက်မသာလျှင်တောင် မလျော့နည်းသော နေရာသို့ပင် ရောက်ရှိနေပြီ။
အခုကမူ အသူရာနတ်တို့ စုပေါင်းဖန်တီးသော အကာအရံမှာ မှော်နက်အစွမ်းနှင့်ပါ ပေါင်းစပ်ထားသည်ဖြစ်ရာ ဖြိုဖျက်ဖို့ရန် ခက်ခဲလွန်းလှသည်။
အကာအရံကို ထိုးခွဲနေသော အရုဏ၏လက်သီးများသည် အရေခွံတို့စုတ်ပြဲ၍ သွေးတို့စိမ့်ထွက်လာ၏။ သူ၏မှော်အစွမ်းဟာလည်း အကာအရံကို လုံးလုံးမသက်ရောက်ဘဲ ရေကိုလက်သီးနှင့်ထိုးနေသည့်အတိုင်းသာဖြစ်နေသည်။ သို့တိုင် သူမရပ်တန့်နိုင်ပါချေ။ သူ၏ကြင်ရာတော်က အကာအရံအတွင်းရှိနေပြီး ရန်သူ့လက်ထဲမှာ သေမင်းခံတွင်းဝရောက်နေသည့် အနေအထားပင် ဖြစ်သည်။။ သူ ယုဂန် ညှဉ်းဆဲခံနေရသည့်အဖြစ်အပျက်ကို ထိုအတိုင်းရပ်ကြည့်နေရန် မဖြစ်နိုင်ပါချေ။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...