Unicode
နန်းတက်မင်္ဂလာအခမ်းအနား
________________
နောက်တစ်နေ့တွင် အရုဏနှင့်ယုဂန်သည် ဥတ္တရပြည်သို့ပြန်ရန် စီစဉ်ကြရ၏။ ထိုသို့ နှစ်ဦးသား မိမိတို့၏တပ်များကိုပါ အစီအစဉ်တကျရုတ်သိမ်းသွားရန် ဗျူဟာချနေဆဲတွင် သူတို့အနားသို့ အရှင်နရတ်ရောက်ရှိလာသည်။
" ကျွန်ုပ် သွားပါတော့မယ် အရှင့်သားနဲ့အမတ်မင်း။ အရှင့်သားတို့ကို ဒီလောက်နဲ့ပဲ နှုတ်ဆက်ပါတယ်"
နရတ်၏စကားကြောင့် ယုဂန်ဟာ နှမြောတသဟန်ဖြင့်
" ဥတ္တရကို ပြန်မလိုက်လာတော့ဘူးလား အရှင်။ ကျေးဇူးတင်စရာတွေ များလွန်းလို့ ဥတ္တရမှာ သေချာပြုစုလိုက်ချင်ပါတယ်"
ဟုဆိုသည်။
အရှင်နရတ်က နူးနူးညံ့ညံ့ပြုံးကာ ခေါင်းကိုအသာရမ်းသည်။
" ပြုစုချင်တဲ့စိတ်ကိုပဲ လက်ခံလိုက်ပါမယ်။ ကျွန်ုပ်လည်း ကိစ္စတွေရှိသေးတဲ့အတွက် နောင်အခါများမှ ပြန်တွေ့ကြဦးတာပေါ့။ ရေစက်မကုန်သေးရင်တော့ တစ်နေရာရာမှာ ပြန်ဆုံကြမှာပါ"
ဆွဲထား၍မရတော့မှန်း သိလိုက်သည်မို့ ယုဂန်ဖော်ရွေစွာ ပြုံးကာ ခေါင်းညိတ်သည်။
" သွားလမ်းလာလမ်း အဆင်ပြေပါစေ အရှင်"
" အမတ်မင်းတို့လည်း ဂရုစိုက်ကြပါ"
အရှင်နရတ်ထွက်ခွာသွားသည်။
များမကြာပါပင်။ အရုဏနှင့်ယုဂန်တို့လည်း ပန်သျှားဘုရင်မနာရဏီကို နှုတ်ဆက်ကာ မိမိတို့၏ စစ်သည်များ၊ ဘက်တော်သားများနှင့် ဥတ္တရသို့ ခရီးပြန်ကြသည်။
ဥတ္တရသို့ ညနေအချိန်ပြန်ရောက်သည်။
ပြန်ရောက်ရောက်ချင်းပင် ယုဂန်သည် ခဏလေးတောင်အနားမယူနိုင်ဘဲ မိမိတို့၏ကလေးများရှိရာနန်းဆောင်သို့ အပြေးသွားမိသည်။ နန်းဆောင်ထဲဝင်ဝင်ချင်းတွင် စောရံအနား၌ ညနေစာ,စားနေသည့် ဝသန္တမှာ ယုဂန်ကိုမြင်သည်နှင့် ထမင်းပန်းကန်ကို ထားပြီး ယုဂန်ဆီသို့ ပြေးဆင်းလာသည်။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...