Unicode
စကြဝဠာတွင်းပေါက်
______________
" အဲ့တော့ တစ်ခုချင်းစီ တစ်ဆင့်ချင်း ရှင်းပြသွားမယ်"
ယုဂန်သည် ကြိမ်လုံးကိုကိုင်ကာ ကျောက်သင်ပုန်းကို တဒေါက်ဒေါက်ခေါက်၏။
သူ့ကြည့်ရသည်မှာ စာသင်တော့မည့် ဆရာတစ်ယောက်နှယ် ကြိမ်လုံးတကိုင်ကိုင်နှင့်ဖြစ်ပြီး သူ့ရှေ့တည့်တည့်တွင် ငုပ်တုပ်လေးထိုင်နေသည့် အရုဏကမူ တပည့်ကလေးတစ်ယောက်နှင့် တူညီနေလေသည်။
အရုဏသည် ယုဂန်ပြောဆိုမည့်အကြောင်းရာကို ဂရုတစိုက် နားထောင်ရန် အသင့်ဖြစ်နေ၏။
ယုဂန်က ကြိမ်လုံးကို ချိုင်းကြားထဲတွင် ညှပ်ကာ မြေဖြူတစ်ခဲကိုယူ၍ ကျောက်သင်ပုန်းထက်တွင် "အိုင်စတိုင်း" ဟု စာရေးလိုက်သည်။ ထို့နောက် " အိုင်းစတိုင်း" ဟူသော စကားလုံးကို အဝိုင်း,ဝိုင်းလိုက်၏။
" ကျွန်တော်လာခဲ့တဲ့နေရာမှာ အိုင်းစတိုင်းလို့ခေါ်တဲ့ ပညာရှင်တစ်ယောက်ရှိခဲ့ဖူးတယ်"
ယုဂန် စကားအစချီသည်။
"အိုင်းစတိုင်းက သီအိုရီလို့ခေါ်တဲ့ အယူအဆတွေ၊ နည်းစနစ်တွေအမြောက်အမြားကို တွက်ချက်ပြီးထုတ်ဖော်ခဲ့တယ်။ အိုင်းစတိုင်းရဲ့သီအိုရီတွေထဲက တစ်ခုကတော့ အိုင်းစတိုင်း ရိုဆန် တံတား ( Einstein Rosen Bridge) ဒါမှမဟုတ် wormhole လို့ခေါ်တဲ့ တီတွင်းပဲ။ ဆိုတော့ တီတွင်းဆိုတာကဘာလဲ မေးစရာရှိတယ်"
ယုဂန် ကျောက်သင်ပုန်းထက်တွင် စာချရေးပြန်၏။ ဒီတစ်ခါတော့ မိခင်ဘာသာစကားနှင့်မဟုတ်။ တခြားသော ဘာသာစကားနှင့်ဖြစ်သည်။
ထိုဘာသာစကားကို ယုဂန်ပြောပြ၍ အရုဏသိသည်။ ယုဂန်တို့ကမ္ဘာ၌ လူသုံးများသော အင်္ဂလိပ်ဘာသာစကားဟု သိရသည်။
ယုဂန်က သူ့ကို " လူအများမသိသော ဘာသာစကားတစ်ခု တတ်ထားလျှင် တစ်နေ့နေ့ တစ်ချိန်ချိန် အသုံးဝင်လာနိုင်သည်" ဟူသောစကားဖြင့် အင်္ဂလိပ်စကားကို ထမင်းစားရေသောက်မျှ သင်ကြားပေးထားသည်။ ထို့ကြောင့် အနှီဘာသာစကားနှင့် ဝါကျရှည်များ မဖတ်တတ်သေးသည့်တိုင် စကားလုံးအနည်းငယ်ကိုတော့ အရုဏနားလည်သည်။
ČTEŠ
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...