Unicode
အခြေအမြစ်မရှိသော စွပ်စွဲချက်များ
_________________
လက်ထဲရှိ သဝဏ်လွှာကို ကျွန်းစားပွဲပေါ်သို့ ချ,ပြီးသည့်နောက်တွင် မယ်တော်ကြီးပဉ္စမာယာသည် နန်းဆောင်အပြင်ဘက်ရှိ မြင်ကွင်းများကို လှမ်းမျှော်ကြည့်ရှု၏။
အပြင်ဘက်တွင် မိုး၏ရှေ့ပြေးဖြစ်သော တိမ်ညိုတိမ်မည်းတို့က အုံ့ဆိုင်းမှိုင်းညို့နေသည်။ မိုးနံ့ပါသော လေပြည်လေညင်းများက တဖြူးဖြူးတိုက်ခတ်နေသကဲ့သို့ သစ်ပင်သစ်ခက်များဟာလည်း လေကြောင့် ယိမ်းတိမ်းလျက်ရှိသည်။
ထိုမြင်ကွင်းကိုကြည့်နေသော ပဉ္စမာယာ၏စူးရဲသောမျက်ဝန်းများသည် သိုဝှက်လွန်းသောဗျူဟာများစွာကို ဖုံးကွယ်၍ထား၏။ သူမ၏အကြံအစည်ကို မသိရ။ မမြင်ရ။ သူမ၏အနီးဆုံးတွင်ရှိပြီး သူမ၏လူယုံတော်ဖြစ်သော သူ,တောင် မယ်တော်ကြီး၏မျက်နှာအမူအရာကို မခန့်မှန်းနိုင်ဘဲရှိနေသည်။
ထို့ကြောင့် လူယုံသည် မယ်တော်ကြီး၏အနောက်ခပ်လှမ်းလှမ်းအကွာတွင်ရပ်ရင်း အမိန့်ကိုသာ စောင့်ဆိုင်းလျက် နှုတ်ဆိတ်နေသည်။
မယ်တော်ကြီးက တီးတိုးရေရွတ်သည်။
" အရုဏက ဘီလူးပုံစံပြောင်းလဲသွားတယ်ပေါ့"
တစ်ဆက်တည်းပင် သူမ၏နှုတ်ခမ်းထက်၌ နက်နဲသောအပြုံးတစ်ပွင့်ပေါ်ပေါက်လာသည်။ ထိုအပြုံးသည် မည်မျှစူးရဲ၍ပြင်းထန်ကြောင်း လူယုံတော်အသိရှိဆုံးဖြစ်သည်။ မယ်တော်ကြီးဟာ ခိုင်ခံ့သောအကြံအစည်တစ်ခုခုရရှိနေပြီဖြစ်သည်။ နောက်ပြီး ထိုအကြံအစည်အတိုင်း သူမ မရ,ရအောင် လုပ်ဆောင်ပေလိမ့်မည်။
" ထင်တဲ့အတိုင်း ယုဂန်နိုင်အတွက်ဆို ဘာမှမလုပ်ရဲတာ မရှိတဲ့သူပဲ။ ဒါ့ကြောင့် အရုဏကို အဆုံးထိဆွဲချဖို့ဆိုရင် သူ့ကိုတိုက်ခိုက်ရမှာမဟုတ်ဘူး။ ယုဂန်နိုင်ကို ထိပါးမှရမှာ။ ယုဂန်နိုင်သာ အနားမှာမရှိတော့ရင် အရုဏက အလိုလိုပြိုလဲသွားမယ့်သူပဲ"
မယ်တော်ကြီး ပြတ်သားသေချာစွာဆိုပြီးနောက် ဆက်လက်သောတာဝန်များကိုပေးအပ်ရန် လူယုံတော်ကို လှည့်ကြည့်သည်။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...