Chapter : 126

12K 1.1K 484
                                    

Unicode

သမီးတော်လေး ဖွားမြင်ခြင်း

__________________

မယ်တော်ကြီး​၏နန်းဆောင်တွင်းသို့ သုဒီပါ ဝင်ရောက်လာချိန်တွင် မယ်တော်ကြီးပဉ္စမာယာသည် "လျောင်းတော်ဦး"ဟုခေါ်သော ဧည့်တွေ့ရန် ကျယ်ဝန်းလှသည့်အခန်းရှိ သလွန်တော်ပေါ်ဝယ် ဟိတ်ဟန်ကြီးစွာထိုင်နေလျက်ရှိသည်။

( မြန်မာနန်းဆောင်တွေမှာ ယေဘုယျအားဖြင့် အပိုင်းအခြားသုံးခုပါဝင်ပါတယ်။ အဆောင်ရှေ့မှာ ဝရန်တာပုံစံ စင်္ကြံနဲ့လျှောက်လမ်းရှိပါတယ်။ အဆောင်တွင်းမှာ "လျောင်းတော်ဦး" ဆိုတဲ့ ဧည့်တွေ့ခန်းရှိပြီး အခန်းအလယ်မှာ သလွန်တစ်ခု ထားထားပါတယ်။ လျောင်းတော်ဦး အခန်းရဲ့အပြင်အဆင်ကိုကြည့်ရုံနဲ့ အဆောင်ပိုင်ရှင်ရဲ့အဆင့်အတန်းကို ခန့်မှန်းနိုင်တယ်လို့ပြောပါတယ်။ လျောင်းတော်ဦးအခန်းရဲ့အနောက်မှာတော့ " အတွင်းတော်" လို့ခေါ်တဲ့ အိပ်ခန်းရှိပါတယ်။ နန်းရမိဖုရားကြီးများအဆောင်မှာတော့ စားဖိုဆောင်၊ အပျိုတော်တန်းလျားနဲ့ တခြားအခန်းတွေပါ ပိုမိုပါဝင်တယ်လို့ သိရပါတယ်။

ဘုရင်နဲ့ ရာထူးမြင့်သူတွေသာ တက်ရောက်နိုင်တဲ့နန်းခုံဆိုတာလည်း နန်းတော်အလယ်မှာရှိပြီး ဘုရင်နဲ့ သူ့မိဖုရားတွေက နန်းခုံပေါ်မှာနေတာဖြစ်ပါတယ်။ နန်းခုံက မြေပြင်ကနေ ၂ မီတာအမြင့်ရှိတဲ့ အုတ်ခုံပေါ် ဆောင်လုပ်ထားတာပါ။ နန်းခုံပေါ်မှာ အဆောင်ပေါင်း၁၁၄ဆောင် ရှိပါတယ်။ မိဖုရားဆောင် ၇၈ ဆောင်အပါအဝင် တခြားအဆောင်တွေရှိပါတယ်။

အိမ်ရှေ့မင်းနေတဲ့စံအိမ်တော်ကတော့ နန်းတော်ရဲ့မြောက်ဘက်မှာရှိလို့ "မြောက်အိမ်တော်ကြီး" လို့ခေါ်ပါတယ်။ မြောက်အိမ်တော်ကြီးမှာတော့ တောင်နန်း၊ မြောက်နန်း၊ အပျိုတော်တန်းလျား၊ ကိုယ်လုပ်တော်အဆောင် စသဖြင့်
ဘုရင့်နန်းခုံအသေးစားလို အပြည့်အစုံပါဝင်တာဖြစ်ပါတယ်။

အခုလက်ရှိ မြနန်းစံကျော်က နန်းတော်အင်္ဂါရပ်မစုံလင်တော့တာပါ။ မင်းတုန်းမင်း၊ သီပေါမင်းလက်ထက်ကတော့ နန်းတော်က အင်္ဂါရပ်နဲ့အညီ ခမ်းခမ်းနားနားဖြစ်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ နန်းတော်ကြီး ဗုံးကြဲခံရပြီး ပျက်စီးပြီးတဲ့နောက် ပြန်လည်ဆောက်လုပ်တဲ့အခါ နန်းတော်အင်္ဂါရပ်ကို အပြည့်အစုံမတည်ဆောက်ဘဲ အဆောင်တွေဆို ဟောတိုက်ကြီးလို  ဖြစ်သလိုဆောက်လုပ်ခဲ့တာပါ။

The Everlasting One (volume 2 + 3 )Where stories live. Discover now