Chapter : 150

7.5K 724 150
                                    

Unicode

ပန်သျှားသို့ စစ်ချီတက်ခြင်း
_____________________

လှစ်ဟာ,ကာ ဗလာထုကြီးထံ လွင့်မျောသွားသည့်ခံစားချက်။

အမြင့်တစ်နေရာမှ ပြုတ်ကျသွားသောခံစားချက်။ နင့်သောခံစားချက်၊ ဟာသောခံစားချက်။

ထိုသို့ အမည်တိတိကျကျမဖော်ပြနိုင်အောင် ရှုပ်ထွေးပွေလီလှသော ခံစားချက်ထူးထူးဆန်းဆန်းကြီးကြောင့် ယုဂန် အိပ်ပျော်ရာမှ လန့်နိုးလာခဲ့သည်။

ယုဂန် ထိုခံစားချက်မျိုး ဖြစ်ဖူး​၏။ ထိုတုန်းကလည်း အနှီးခံစားချက်ဟာ မည်သို့မည်ဖုံဖြစ်သည်ကို သူ,မပြောပြတတ်ခဲ့ပေ။

သေချာသည်မှာတော့ မှားယွင်းသော တစ်စုံတစ်ရာဖြစ်တော့မည်မှန်း သူသိရှိနေသည်။

ယုဂန် ဘေးတွင် ဝသန္တလေးနှင့် အရုဏတို့အိပ်ပျော်နေသည်။ ထို့ကြောင့် ဝသန္တမနိုးအောင် ဖြည်းဖြည်းချင်းအိပ်ရာပေါ်မှ ထ,သည်။

ယုဂန် ကြမ်းပြင်ပေါ်ရပ်,ရပ်ချင်းပင် ပတ်ဝန်းကျင်မှ ပြောင်းလဲမှုများကို ကြုံတွေ့လာရသည်။

သူ​၏ဘေးဘီရှိ အရာဝတ္ထုများက ပုံသဏ္ဌာန်များ အဆက်မပြတ်ပြောင်းလဲလာသည်။ ဘေးရှိ စားပွဲခုံများ၊ ထိုင်ခုံများ၊ ဖိနပ်နှင့် အိပ်ရာပေါ်ရှိ မောင်တို့အဆုံး၊ ပျောက်သွားလိုက်၊ ပေါ်လာလိုက်၊ တခြားအရာအဖြစ် ပြောင်းလဲသွားလိုက် စသဖြင့် ဂိမ်းထဲမှ glitch ပမာ တထစ်ထစ်ဖြစ်နေကြသည်။

ယုဂန် ဒါမျိုးကြုံတွေ့ဖူးသည်ပင်။ ထိုတုန်းက တခြားသောစကြဝဠာများမှ မောင်တို့ကိုပါ သူတွေ့ခဲ့ရသေးသည်။

ယုဂန်ဘေးရှိ စားပွဲပေါ်မှ ရွှေခက်သွန်းဆီမီးတိုင်ဟာ ရုပ်ချည်းဆိုသလို သေနတ်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။

ယုဂန်သည် ထိုသေနတ်ကို ကိုင်လိုက်မိ​၏။ ထို့နောက် သူဆွဲယူလိုက်သောအခါ သူ​၏လက်ထဲသို့ သေနတ်တစ်လက်ပါလာသည်။ ပစ္စည်းက ပုံစံပြန်မပြောင်းသွားပေ။

ယုဂန် အံ့ဩတကြီးရေရွတ်မိလိုက်သည်။

" ဒါဘာတွေဖြစ်နေတာလဲ"

The Everlasting One (volume 2 + 3 )Where stories live. Discover now