Warning- Sexual Content alert!
Unicode
ရိုးရာလက်ထပ်ထိမ်းမြားခြင်း ဆယ်မျိုးအနက်မှ ရေခွက်၌ လက်ချ၍ထိမ်းမြားခြင်း ပြီးစီးသောအခါတွင်ဝယ် ကြွရောက်ချီးမြှင့်ကြသော ဧည့်သည်အပေါင်းတို့ကို အရသာရှိလှသော စားကောင်းသောက်ဖွယ်များနှင့် တည်ခင်းဧည့်ခံသည်။
ထို့အတူ မင်္ဂလာပွဲအထိမ်းအမှတ်အနေနှင့် မြို့ထဲတွင်လည်း ပြည်သူများအတွက် ခုနစ်ရက်ပတ်လုံး စတုဒီသာအလှူမဏ္ဍပ်များနှင့် ပြည့်စုံထားစေသည်ဖြစ်၏။
ထို့ကြောင့် အထက်တန်းလွှာများသာမက ပြည်သူအပေါင်း၏ "ရိုးမြေကျပေါင်းသင်းရပါစေ" ဟူသောဆုမွန်ကောင်းများဟာ အသစ်စက်စက်မောင်နှံဖြစ်သည့် အရုဏနှင့်ယုဂန်တို့အပေါ် လျှံပြည့်ပေါင်းလှန်နေလေသည်။
လက်ထပ်ပွဲ အောင်မြင်စွာအဆုံးသတ်သွားသောအခါ ဧည့်သည်အသီးသီးသည် မင်းသားအရုဏနှင့် သူ၏ကြင်ယာတော်ယုဂန်နိုင်တို့ကို ဂါရဝပြုကာ သူတို့၏သက်ဆိုင်ရာ ဧည့်နန်းဆောင်စီ ပြန်သွားကြသည်။
အရုဏနှင့်ယုဂန်တို့သည်လည်း သူတို့၏မင်္ဂလာခန်းဆောင်ထားရာ စံအိမ်တော်သို့ ပြန်ရန်ပြင်သည်။
စံအိမ်တော်သို့ရောက်သောအခါ မင်းသားအရုဏကို တကူးတကလာရောက်တွေ့ဆုံကြသော အထက်တန်းလွှာဧည့်သည်များကြောင့် အရုဏ မအားမလပ်ဖြစ်ရသည်။ ထိုအချိန်တွင် ယုဂန်မှာ ပီယံမိတ်က လာခေါ်သဖြင့် "ခဏ လိုက်သွားမည်" ဟုဆိုလျက် ပီယံမိတ်နောက် ပါသွားလေသည်။
ညချမ်းအချိန်ရောက်မှ ယုဂန်နိုင်တစ်ယောက် စံအိမ်တော်သို့ပြန်ရောက်သည်။ အကောင်းတိုင်းတော့မဟုတ်ပါ။ သေရည်နံ့တထောင်းထောင်းနှင့် ပြန်ရောက်လာခြင်းဖြစ်သည်။
( ညချမ်းအချိန် = ညနေ ၆ နာရီခွဲ)
သူတို့၏ သေချာစွာပြင်ဆင်ထားသော မင်္ဂလာခန်းဆောင်အတွင်း စောင့်ဆိုင်းနေသောအရုဏသည် ယုဂန်ပြန်ရောက်လာသံကြားသဖြင့် ဆင်းကြိုရန်ဟန်ပြင်စဉ်တွင် အခန်းတံခါး ဝုန်းခနဲပွင့်လာသည်။
တံခါးဝတွင်တော့ ခြေကားယား၊ လက်ကားယားနှင့် ယုဂန်နိုင်။
သူက သေရည်ခိုးငွေ့နေသောမျက်ဝန်းများနှင့် အရုဏကို ကြည့်လာပြီးနောက် တံခါးဘောင်ကို ဟန်ပါပါမှီချလိုက်လေသည်။ သို့သော်လည်း မူးနေသောကြောင့် တံခါးဘောင်မှချော်ကာ ဘေးသို့ယိုင်သွားသည်။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...