အပိုင်း(၂) Unicode

2.3K 231 3
                                    

အမြင့်အားဖြင့် နှစ်လံလောက်ရှည်သည့် တွင်းထဲသို့ကျရောက်နေသည့် ဝမ်ရိပေါ်​၏ ခန္ဓာကိုယ်သည် မြေမျက်နှာပြင် ပေါ်သို့ပြန်ရောက်လာ​၏။

အသက်မဲ့နေတာတောင် ဥပတိရုပ်က ထင်းလွန်းနေသည့် ဝမ်ရိပေါ်ကို သွေးစုပ်ဖုတ်ကောင်က အသေအချာစူးစိုက်၍ ကြည့်လိုက်​သည်။ထင်ရှားသော မျက်ခုံးသွယ်သွယ် ဆုံစည်းသည့်နေရာတွင် ပေါ်လွင်သော နှာတံက တည်ရှိနေပြီး မပြည့်မတင်းကြည့်ကောင်းနေသည့် နှုတ်ခမ်းတို့ အနီးမရောက်ခင်တွင် အဆုံးသတ်​၏။

ဖြောင့်တန်းနေသော မေးရိုး မျက်နှာထားသည် ကြင်နာမှုကင်းမဲ့သော စိတ်ဓာတ်ကို ဖော်ကျူးသည်။ အသက်ရှင်ခဲ့စဉ်က ဆိုးမိုက်ခဲ့ပုံတို့သည် သွေးကြောများထင်းနေသည့် လည်ပင်းပေါ်တွင် ပေါ်လွင်​၏။

တောင့်တင်းထည်ဝါသော ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် ယောကျာ်းပီသခြင်းကို ဆောင်ကျဉ်းသည်။ ထိုသို့ ရုပ်ပိုင်းဆိုင်ရာ အဘက်ဘက်နဲ့ ပြည့်စုံသည့် လူက တိုင်းပြည် အုပ်ချုပ်မင်းလုပ်ခဲ့သည့် ဘုရင်တစ်ပါးဖြစ်ခဲ့ဖူးသည်မှာမဆန်း။ ထို့အပြင်နှလုံးသားရေးရာ စိတ်ဓာတ်ရေးရာ မှာ နုံချာလွန်းတာကြောင့် နောင်ဘဝပင်မရောက်သေး ယခုဘဝမှာတင် အသေဆိုး နဲ့ ဘဝအဆုံးသတ်ခဲ့ရတာလည်း အထူးအဆန်းတော့မဟုတ်။

ထိုအသက်မဲ့နေသော လူသားကို သူသည် မိုးနတ်မင်းနဲ့ ငရဲမင်းတို့ အလိုကျ စံစားခြင်းနှင့် ခံစားခြင်း ကို ဆတူအချိုးချ၍ ပေးခဲ့ရမည်ဖြစ်သည်။

သွေးစုပ်ဖုတ်ကောင်က ဝမ်ရိပေါ်​၏ အသွင်အပြင်ကို အကဲခတ် အသေးစိတ် ကြည့်နေပြီးမှ သူ​၏ လက်ကောက်ဝတ်နေရာကို သိသိသာသာပေါ်လွင်နေသည့် အစွယ်ဖြင့် ကိုက်ဖောက်လိုက်ပြီး သွေးတို့ကို တသွင်သွင်စီးစေသည်။

အလားတူပင် အေးစက်နေသည့် ဝမ်ရိပေါ်​၏ လက်ကောက်ဝတ်တစ်နေရာကို လည်း ကိုက်ဖောက်လိုက်သည်။ ပြီးနောက် လက်ကောက်ဝတ်ချင်း ထိကပ်လိုက်ပြီး သူ​၏ သွေးများကို အေးစက်စက် တစ်ဖက်သူ​၏ လက်ကောက်ဝတ်ထဲသို့ ကူးလူးခြယ်လှယ်စေ​၏။

နှစ်ပေါင်းရာချီ နှစ်ချို့နေပြီဖြစ်သည့် အဆင့်မြင့်သွေးစုပ်ဖုတ်ကောင်တို့သည် အသက်ရှင်နေသည့် လူသားတွေကို လက်ကောက်ဝတ်က သွေးချင်းထိစပ်၍ သွေးစုပ်ဖုတ်ကောင် အဖြစ်ပြောင်းလဲနိုင်စွမ်းရှိသလို၊ လောလောလတ်လတ် အသက်ဆုံးရှုံးထားသည့် ခန္ဓာကိုယ်ကိုလည်း ပြန်လည်ရှင်သန်စေဖို့အသက်ဆက်ပေးနိုင်စွမ်းရှိသည်။

The Greatest BloodsuckerWhere stories live. Discover now