အပိုင်း(၂၄) Unicode

1.6K 180 9
                                    

"တူ...တူ...တူ..."

အကြိမ် ၄၀ ထက်မက ဖုန်းခေါ်လည်း တစ်ဖက်ကပြန်လည်ဖြေကြားခြင်းမရှိတာကြောင့် ရှောင်းဟွမ် နောက်ဆုံးတစ်ခေါက်ခေါ်ကာ ဖုန်းကိုတိကနဲ ချလိုက်သည်။

ဖုန်းကို ကုတ်အင်္ကျီထဲ ပြန်ထည့်လို့ ရှောင်းဟွမ်တစ်ယောက် သူ့ကားထဲမှ ထွက်လာပြီး ရောက်နေသည့်အိမ်ဝန်းအရှေ့တွင် မတ်တပ်ရပ်ကာ ခါးထောက်ပြီး နန်းတော်ကြီးသမျှ ခန်းနားလှသည့် အိမ်ကိုစိုက်ကြည့်နေလိုက်သည်။

ညနေ အစည်းအဝေးပြီးတာနဲ့ မိဘဆရာတွေ့ဆုံပွဲမီလိုမီငြား သူအားကျန့်​၏ ကျောင်းကို လိုက်သွားခဲ့သေးသည်။ မမီနိုင်မှန်းသိသော်လည်း အားကျန့်ကို ပြန်ချော့သည့်အနေနဲ့ တစ်ခါတည်းကျောင်းကကြိုပြီး စားချင်တာတွေ ဝယ်ကျွေးမလို့စီစဉ်ထားခဲ့တာ။ မတွေ့မိတော့ ဌာနဆိုင်ရာ ဆရာဆရာမတွေကို အကျိုးအကြောင်းမေးကြည့်တဲ့ အခါ သူဘာမှတောင်မပြောရသေးဘူး သူ့ကို လက်ဆွဲလာနှုတ်ဆက်ကြတာ။

​အားကျန့် ရဲ့ အစ်ကိုဖြစ်သူက အုပ်ထိန်းသူအဖြစ်လာပေးသည့်အကြောင်း။ ထိုအစ်ကိုလုပ်သူက ကျောင်းရဲ့ရန်ပုံငွေကိုထောက်ပံ့ပေးမည့်အကြောင်း။ မွေးထားတဲ့သားလေးတွေက လူရည်ချွန်လေးတွေဖြစ်ကြောင်းရွှန်းရွှန်းဝေအောင်ပြောခံခဲ့ရသေးသည်။

အားကျန့်မှာ ဘယ်တုန်းက အစ်ကိုတစ်ယောက်ရှိသွားတာလဲ။ သူ့မှာရော ဘယ်တုန်းက နောက်ထပ်သားတစ်ယောက်က ပေါ်လာတာလဲ။ အဓိက အချက်က အုပ်ထိန်းသူဆိုတဲ့ သူ့နေရာကို ဝင်ယူလိုက်တာပဲ။

အဲ့အချိန်ကတည်းက အားကျန့်ကို ဖုန်းခေါ်နေတာ အခုချိန်ထိမကိုင်ခဲ့ဘူး။ အဲ့တာကြောင့် အားကျန့်ရဲ့သူငယ်ချင်းတွေထဲက ရှင်းမင်ဆိုတဲ့ ကောင်လေးကို တီးခေါက်ကြည့်မိတော့ အားကျန့်ရှိနေနိုင်မယ့်နေရာတွေကို သိလာရသည်။ တကယ်ပဲ ပြောသလို အားကျန့်ဒီအိမ်ကြီးထဲမှာ ရှိနေရင်တော့လား။

"တောက်..."

ရှောင်းဟွမ် တောက်တစ်ချက်ခေါက်ပြီး ထိုခြံဝန်းရှေ့က လူခေါ်ဘဲလ်ကို အဆက်မပြတ်တီးလိုက်သည်။ တော်တော်နဲ့ထွက်မလာသည့်ခြံစောင့် အလုပ် သမားတွေကြောင့် ရှောင်းဟွမ် ကားတံခါးကို ဖွင့်ကာ ဟွန်းပေါ်ကို လက်ဖြင့် ဖိထား​၏။ အင်မတန်မှဆူညံနေသည့် အသံကြောင့် အလုပ်သမားလေးတစ်ယောက်ထွက်လာကာ တံခါးလာဖွင့်လိုက်ပြီး...

The Greatest BloodsuckerWhere stories live. Discover now