အပိုင်း(၅) Unicode

1.8K 203 7
                                    

ယွင်နိုင်ငံဆိုသည်မှာ တခြားသော တိုင်းပြည်များနှင့် ဝေးကွာသည့် နေရာတွင်တည်ရှိပြီး အေးအေးချမ်းချမ်းတသီးတသန့်လိုဖြစ်နေ​၏ ။ နိုင်ငံအုပ်ချုပ်သူများကလည်းစစ်မက်ရေးရာဆိုတာထက် သံတမန်ရေး ၊ငြိမ်းချမ်းရေးကို သာ အားသန်ကြတာကြောင့်နိုင်ငံတည်ထောင်စကတည်းက ယခုချိန်ထိ မင်းအဆက်ဆက်စစ်ပွဲများ ကင်းရှင်းခဲ့ကြတာဖြစ်သည်။

စီးပွားရေး ကိုသာ အဓိကထားကြတာကြောင့် ကြွယ်ဝသည့်နိုင်ငံတစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံးနီးပါးကုန်သည် လုပ်ငန်းလုပ်ကိုင်ကြသည်။ ကုန်သည်များကလည်း အချင်းချင်းတိုက်ခိုက် မနာလိုခြင်းမရှိကြဘဲ တရားမျှတစွာ ဝိုင်းကြီးချုပ် စနစ်နဲ့ ကူးသန်းရောင်းဝယ်ကြတာဖြစ်သည်။ ထို့ကြောင့် အကျိုးအမြတ်များလည်း ညီညီမျှမျှရကြပြီး လူတန်းစား ကွာခြားမှုက သိပ်သိသိသာသာမရှိကြ။

ယွင်နိုင်ငံရှိ တရားမျှတသည့် ကုန်သည်များကြားတွင် ရှောင်းကုန်သည်ကြီး မှာလည်း အပါအဝင်ဖြစ်သည်။ မြို့မျက်နှာဖုံးဖြစ်ပြီး လူချစ်လူခင်လည်းပေါသည်။ ဇနီးဖြစ်သူက သားလေးမွေးပြီးကတည်းက မီးတွင်းထဲမှာဆုံးသွားပြီးနောက် မည်သူတစ်ဦးတစ်ယောက်ကိုမှ အစားထိုးယူထားခြင်းမရှိသည့် သစ္စာအလွန်ကြီးသော လူကြီးမင်း အဖြစ်လည်း လူတွေ သတ်မှတ်ကြသည်။

ထိုသို့ ဖြောင့်မတ်တည်ကြည် ကြင်နာတတ်လွန်းသည့် ရှောင်းကုန်သည်ကြီးနှင့် လုပ်ငန်းတွဲလုပ်ချင်သူများလည်း ပေါများသည်။ အားပေးရောင်းဝယ် ကြသော ဖောက်သည်များ ကလည်း အများအပြား။

အခြေခံလူတန်းစားတွေက လယ်ယာမြေမှ ထွက်ရှိသည့် ဆန်၊ ပြောင်း၊ ပဲ စသည့် လယ်ထွက်ပစ္စည်းလေးများလာရောင်းကြသည့်အခါ ဈေးနှိမ်ခြင်းမရှိ။ ပေါက်ဈေးကို တစ်ပြားတစ်ချပ် မကျန် အတိအကျပေးတာဖြစ်တာကြောင့် လာသွင်းကြသူများက အလုံးအရင်း။

မျိုးရိုးမြင့်ထဲမှ လူတန်းစားများကမူ ရှောင်းကုန်သည်ကြီး တခြားသော တိုင်းပြည်မှ ကူးလူးလာသည့် ပိုးထည်များ၊ အရည်အသွေးမြင့် ကျောက်မျက်ရတနာများကို ဝယ်ယူအားပေးကြခြင်းဖြစ်​၏။ထို့ကြောင့် ရှောင်းကုန်သည် မျိုးရိုးသည် အခြေခံလူတန်းစားကနေ အဆင့်မြင့်မျိုးရိုးလူတန်းစားတွေ အထိအောင် ဆက်ဆံမှုရှိကြသည်။

The Greatest BloodsuckerWhere stories live. Discover now