အပိုင်း(၁၇) Unicode

1.8K 208 11
                                    

၂၀၂၂ ခုနှစ် ၊ ဘေကျင်းမြို့။

"ဆင်းမှာ..."

"ဆင်း...ဆင်း..."

"ဆင်းမှာပါ... ကလေးသူငယ်တွေကို စိတ်ပိုင်းဆိုင်ရာ နှိပ်ဆက်တဲ့ အိမ်မှာအားကျန့်တို့က မနေပါဘူး...လာမတားနဲ့နော်..."

"မတားပါဘူး...နေဦး..."

အိမ်ပေါ်က ဆင်းဖို့ပြင်နေသည့် အားကျန့်ကို အိမ်ပိုင်ရှင်ကြီးလှမ်းတားလိုက်တာကြောင့် အားကျန့်က အသံစူးစူးလေးဖြင့်...

"ဘာလုပ်မလို့လဲ..."

လက်ထဲမှာ ရွက်ဖျင်တဲလေးကိုင်ထားသည့် အားကျန့်ဘက်သို့ အိမ်ပိုင်ရှင်ကြီးက သားရည်ခြေညှပ်ဖိနပ်လေးတစ်စုံကို ပစ်ပေးလိုက်သည်။

"ရော့ အဲ့တာပါ ယူသွား...တော်ကြာ ဖိနပ်ကျန်ခဲ့တယ်ဆိုပြီး ပြန်တက်လာမှာစိုးလို့..."

"ဂျိမ်း...! "

အိမ်တံခါးကို ဆွဲပိတ်ပြီး အထဲပြန်ဝင်သွားသည့် အိမ်ပိုင်ရှင်ကြီးကြောင့် အားကျန့် မျက်ရည်များဟာ ပါးနှစ်ဖက်တွင်နေရာယူသွားသည်။ ရွက်ဖျင်တဲကို လက်တစ်ဖက်ကကိုင် သားရည်ဖိနပ်လေးကို တစ်ဖက်ကကိုင်ဖြင့် ခြံဝန်းတစ်နေရာ မြက်ခင်းလေးပေါ် လျှောက်လို့သွားသည်။

စွပ်ကျယ်လက်ပြတ်အဖြူလေးနဲ့ ဘောင်းဘီတိုအပွလေးကိုသာ ဝတ်ဆင်ထားတာကြောင့် လေအေးတွေ တိုက်သွားတိုင်း ခန္ဓာကိုယ်လေးဟာ တုန်တက်မိသွား​၏။

သို့သော်လည်း အားကျန့်တစ်ယောက် အရိုးကွဲမတတ်လေအေးဒဏ်နဲ့ ပါးပြင်ထက်က မျက်ရည်တွေကို မမှုဘဲလောကဒဏ်ကိုကြံ့ကြံ့ခံဖို့ဆုံးဖြတ်လိုက်သည်။ထို့ကြောင့် အားကျန့်ဟာ အိမ်ရှေ့တံခါးပိတ်ထားသည့် တစ်ထပ်တိုက်အိမ်လေးကို လှမ်းမျှော်ကြည့်လိုက်ကာ တရှုံ့ရှုံ့ငိုရင်းသူရောက်နေသည့် မြက်ခင်းပေါ်တွင် ရွက်ဖျင်တဲလေးကို စထိုးနေတော့သည်။

အားကျန့်တစ်ယောက် ရွက်ဖျင်တဲဆောက်နေရင်း ခရုလေးတစ်ကောင်ကို တွေ့လိုက်ရပါသေးတယ်။အခွံလေးကို အိမ်လေးသဖွယ်သယ်ပိုးပြီး တရွေ့ရွေ့သွားနေတဲ့ ခရုလေးကို အားကျန့်စာနာနိုင်တယ်။ အခုဆိုသူလည်း ခရုလေးလိုပဲ။ ရွက်ဖျင်တဲလေးကို အိမ်လေးသဖွယ်သယ်ပိုးပြီး အိမ်ခြေယာမဲ့လေးဖြစ်နေတယ်။

The Greatest BloodsuckerWhere stories live. Discover now