အပိုင်း (၂၇) Unicode

1.8K 176 17
                                    

လမ်းမကြီးထက်တွင် ကားဖြူလေးတစ်စင်းသည် ပုံမှန်နှုန်းလေးဖြင့် သွားနေသည်။ထိုကားလေးပေါ်တွင် သီချင်းလေးတစ်ပုဒ်ကလည်းပြန့်လွင့်လို့နေ​၏။

🎵တောပန်းကလေးများနဲ့ လှချင်တိုင်း လှနေပါတဲ့ လမ်းလေးကွေ့ကောက်ရာ ဘေးနှစ်ဖက်မှာ...🎶

သီချင်းလေးထဲက အတိုင်း တောင်ပေါ်တောင်တက်လမ်းလေးတစ်လျှောက်မှာ အလေ့ကျပေါက်သောပန်းလေးတွေနဲ့ ဝေဝေဆာဆာပင်။ ရာသီဥတုကလည်း မိုးလေးအုံ့အုံ့ဆိုင်းဆိုင်းဖြင့် အလွန်ပင်ချမ်းမြေ့ဖွယ်ကောင်းလှသည်။

အင်မတန်မှအေးချမ်းလှသည့် ထိုခရီးလမ်းလေးနဲ့ ဆန့်ကျင်စွာ လူတချို့​၏နားတွေကတော့ သိပ်မအေးချမ်းလှ။

"တောပန်းလေးတွေကလည်း လှလိုက်တာနော် အားကျန့် အတိုင်းပဲ..."

"ဟိုမှာကြည့်စမ်း ငှက်လေးပျံသွားတာ အတောင်ပံလေးတွေက လှလိုက်တာ...အားကျန့်လည်းအဲ့လိုလေးပျံချင်လိုက်တာ..."

"ပါပါး...ပါပါး ဟိုမှာ နွားပေါက်လေး စပါးခင်းထဲမှာစားနေတယ် ကုန်ပြီလားမသိပါဘူး စပါးခင်းပိုင်ရှင်တော့ မွဲတော့မှာပဲ...ပိုင်ရှင်ကြီးကို အားကျန့်သနားလို့ မျက်ရည်တောင်ကျတယ်နော်..."

"ရေဆာလိုက်တာ...အားကျန့်ကို ရေလေးတိုက်ပါဦး ဝမ်ရိပေါ်...ဘူးအဖုံးကြီးကမာတယ် အားကျန့်လက်နဲ့မဖွင့်နိုင်လို့..."

အားကျန့်အတွက်ရေသန့်ဘူးကို ပါးစပ်နားတေ့ပေးရုံသာမက စိုသွားသည့်ရေလေးတွေကိုပါ လက်ကိုင်ပုဝါနဲ့ တယုတယသုတ်ပေးနေသည့် ဝမ်ရိပေါ်ကို ရှောင်းဟွမ် ကားအနောက်ကြည့်မှန်ထဲမှ လှမ်းကြည့်လိုက်သည်။ အခုချိန်မှာ ရှောင်းဟွမ်တွေးနေမိသည်က ဝမ်ရိပေါ်နဲ့ဘာလို့ အစောကြီးကတည်းက မတွေ့ခဲ့ကြတာလဲဆိုပြီး။

အားကျန့်နဲ့ အိမ်နီးချင်းတွေ အဖြစ်သာမွေးဖွားလာကြရင် သူ့ဘဝကြီးက တော်တော်ကို လွယ်ကူခဲ့မှာ။ ထမင်းခွံ့ကျွေးတာကအစ ကျောင်းပို့ ကျောင်းကြို အလုပ်တွေ တော်တော်သက်သာခဲ့မှာပင်။ အထူးသဖြင့် နားဒုက္ခဒဏ်တွေကနေလည်း ကင်းဝေးခဲ့မှာ။

The Greatest BloodsuckerWhere stories live. Discover now