အပိုင်း(၂၂) Unicode

1.7K 183 13
                                    

ဖြစ်သွားခဲ့သည့် ပြဿနာများကြောင့် ပြတိုက်တာဝန်ခံများ ပြတိုက်မှူးများက လက်ဆောင်ခြင်းတွေ အသွယ်သွယ်ဖြင့် နှစ်ဦးနှစ်ဖက်ပြေလည်စေကြဖို့၊ ရှေ့ဆက် ထောက်ပံ့မည့်လုပ်ငန်းစဉ်များတည်တံ့စေကြဖို့ ဝမ်ရိပေါ်ကိုလာရောက်တောင်းပန်ကြ​၏။

ဝမ်ရိပေါ်က တောင်းပန်တာကို အသိအမှတ်ပြုသော် လည်း ဖက်လှဲတကင်းစကားပြန်ပြောခြင်းတော့မရှိ။ သို့သော်ငြား ဝမ်ရိပေါ်အစား အားကျန့်က ဒိုင်ခံပြန်ပြောပေးနေသည်။

"အားကျန့်က ခွင့်လွှတ်တယ်နော်...နောက်လည်း လက်ဆောင်ခြင်းတွေပေးချင်ရင်ပေးလို့ရအောင်အားကျန့်ရဲ့ အိမ်လိပ်စာပေးခဲ့မယ်လေ အဲ့ကို delivery နဲ့ပို့လိုက်ပေါ့နော်...ပေး...ပေး ထပ်ပေးဦး အားကျန့်ရဲ့လက်လေးတစ်ဖက်အားသေးတယ်..."

ဘယ်ဘက်လက်ထဲတွင် လက်ဆောင်ခြင်းနှစ်ခုကို မနိုင်မနင်းသယ်ထားတာဖြစ်၍ ခန္ဓာကိုယ်ကယိုင်နေသည့်တိုင် တခြားသော လက်ဆောင်ခြင်းတွေကို အားကျန့်တောင်းနေသည်။

"ကျွန်တော်သယ်ပေးရမလား..."

ရှင်းဟန်က ကြားထဲက အမြင်မတော်လို့ ဝင်ပြောသည့် အခါ အားကျန့်တစ်ယောက် ခေါင်းကို တွင်တွင်ခါကာ...

"ဟင့်အင်း ရတယ် ရတယ်...ဒါက အားကျန့်ကို လာတောင်းပန်တာဆိုတော့ အားကျန့်ယူရမှာ...ရှင်းမင်ပါပါးသယ်ပေးစရာမလိုဘူး...အားကျန့်နိုင်တယ်..."

ရှင်းဟန်က သယ်ပေးဖို့ ထပ်ကြိုးစားလျှင်ပဲ ကြားထဲက ဝမ်ရိပေါ်က ထားလိုက်ပါ ဆိုပြီး မျက်နှာရိပ်ပြလိုက်သည်။

တကယ်လည်း အားကျန့်က သူပြောသလိုပင် စုစုပေါင်းလက်ဆောင်ခြင်း ၄ ခုကို လက်နှစ်ဖက်ကနေ မျှကိုင်၍ လမ်းပေါ်မှာ တရွတ်တိုက်ကို ဆွဲသွားကာ ကားရှိရာသို့လျှောက်သွား​တော့သည်။ ကျောပေါ်တွင်လည်းသူ​၏ ကျောပိုးအိတ်လေးကိုလွယ်ထားတာဖြစ်ပြီးနှုတ်မှလည်း တတွတ်တွတ်ဖြင့်...

"အားကျန့်က လက်ဆောင်နှစ်ခြင်း...အားကျန့်ပါပါးက လက်ဆောင်နှစ်ခြင်း ကွက်တိပဲ..."

​ပြတိုက်က ပထမ တစ်ရက်မှာပင် ပြန်လည်ပြုပြင်ရေးအတွက်ပိတ်လိုက်ရတာဖြစ်၍ လေ့လာရေးခရီးစဉ်ကနေ အပျော်ခရီးဖြစ်သွားခဲ့ကာ ပြန်ဖို့ရက်ကိုရောက်လာခဲ့ပြီဖြစ်​၏။ အားကျန့်အနေနဲ့ လည်းဘာဗဟု သုတမှမရခဲ့ပေမယ့် ဝမ်ရိပေါ်ကိုတော့ရခဲ့သည်။

The Greatest BloodsuckerWhere stories live. Discover now