အပိုင်း(၁) Zawgyi

740 27 0
                                    

ချင် နိုင်ငံ​၏ ၁၃ ဆက်မြောက် မင်း။

ဒုတိယမြောက်မိဖုရားမှ မွေးသည့်သား ဖြစ်သော်လည်း အသက် ၁၈ နှစ်ဖြင့် ခမည်းတော်ဆီက ထီးနန်းကိုလုယူခဲ့သည့် မင်းတစ်ပါးအဖြစ်ကျော်ကြား​သည်။ ထီးနန်းကို ရပြီးနောက် ဖခမည်းတော်ကို အကျယ်ချုပ်ချပြီး အိမ်ရှေ့စံ နောင်တော်နှင့် ညီတော်များကိုလည်း နောင်ရှုပ်လာမည့် ပြဿနာများပေါ်ထွက်မလာအောင် အပြတ်ရှင်းပစ်​၏။

နန်းတက်ပြီးတော့ ၅ လအကြာ ဖခမည်းတော်နှင့်မယ်တော်များ တစ်ရက်တည်း ဆုံးသည်။ ရောဂါကြောင့်လား၊ တခြားအကြောင်းအရာကြောင့်လားဆိုတာတော့ နန်းတွင်းသမားတော်တွေက လွဲ၍ မည်သူမှမသိ။ ထိုနန်းတွင်းသမားတော်တွေလည်း နောက်တစ်နေ့၌ ဆုံးပါးခြင်းသို့ရောက်​၏။

မင်းဆိုး မင်းညစ် တစ်ဦးအဖြစ် လူတိုင်း​၏ ပါးစပ်ဖျားတွင် အသားကျနေသည့် ထိုမင်း​၏ လက်ထက်၌ အခွန်အခ အလွန်ကြီးသည်။ တိုင်းပြည်က လယ်ယာမြေများ ဖြစ်ထွန်းကြွယ်ဝသည့်တိုင် ဆက်သရသည့် အခွန်က လုပ်အားခငွေ​၏ ၆၀ ရာခိုင်နှုန်းဖြစ်သည့် အခါ သာမန်အလယ်အလတ်လူတန်းစားတွေတောင် စားဝတ်နေရေးကျပ်တည်းသည်။ သူဆင်းရဲတွေ အဖို့တော့ ကုန်းကောက်စရာမရှိအောင်ဖြစ်ရ​၏။

အိမ်နီးချင်းတိုင်းပြည်တွေအားကျလောက်ရအောင် သယံဇာတ ပစ္စည်းတွေ ပေါကြွယ်ဝသော်လည်း တိုင်းသူပြည်သူများ စံစားခြင်းမပြုရ။

သင်ပိုင်သည့် အိမ်မြေတွင် ရွှေထွက်လျှင် တိုင်းပြည်ဘဏ္ဍာ အဖြစ်သိမ်း​၏။ ကျောက်စိမ်းထွက်လျှင်လည်း တိုင်းပြည် ဘဏ္ဍာအဖြစ်သိမ်းသည်။ သင့်မြေပေါ်မှာ ပေါ်ထွက် လင့်ကစား သင်မပိုင်။ တိုင်းပြည် ဘဏ္ဍာ ဆိုသည့် ခေါင်းစဉ် အောက်တွင် တိုင်းပြည်အုပ်ချုပ်သူက အရာရာ ပိုင်သည်။

လူတန်းစား ကွာဟချက် မိုးနှင့်မြေလောက်ရှိသည့် ထိုတိုင်းပြည်တွင် ကြွယ်ဝသည်ကား ရှင်ဘုရင်နှင့် ကပ်ဖားလျက်ဖား သူဌေးသူကြွယ်တချို့သာဖြစ်သည်။ တိုင်းသူပြည်သားတို့အဖို့ နေပူပူအောက်မှာ ကျောကော့အောင် အလုပ်လုပ်လည်း မိုးပေါက် တစ်စက်မျှလောက် အကျိုးကျေးဇူးတွေ မခံစားရသည့် အခါ သူတို့ကို အုပ်ချုပ်သူအား နေ့တိုင်း ကျိန်စာတိုက်​​၏။

The Greatest BloodsuckerWhere stories live. Discover now