အပိုင်း(၃) Unicode

2K 202 4
                                    

"အားယာယားလေး ရေကူးတာ၊ အားကျန့်လေးက တောင်ပေါ်မှာ

အားယာယားက လေးနဲ့ပစ်၊ ဒေဝါတောင်မှာ ချစ်သူဖြစ်

ချစ်သူဖြစ်တော့နမ်းကြတာ၊ မွမွမွ နဲ့ပါ

အားယာယားလေးအကျင့်ပုတ်၊ အားကျန့်လေးကိုသူရိုက်ထုတ်..."

[ငယ်ငယ်က ကစားရင်း ဆိုခဲ့ဖူးတဲ့ ဟာလေးကို စာသားများပြောင်းလဲပြင်ဆင်ထားခြင်းဖြစ်ပါသည်။ ]

အလွန်ကြီးမားလှသော သစ်ပင်ကြီးတစ်ပင်ထက်တွင် နေရာအသေအချာယူပြီး အိပ်စက်နေသည့် ဝမ်ရိပေါ် သည်နားထဲသို့ တိုးဝင်လာသည့် အသံစာစာလေးကြောင့် ဆတ်ကနဲ လန့်နိုးသွားကာမျက်လုံးများမှိတ်ထားလျက်နှင့်ပင် အနေအထားတစ်ချက်ပြောင်းပြီး ပြန်အိပ်ဖို့ ကြိုးစားလိုက်သည်။ကိုယ်ပိုင်အိမ်ဆောင်ဝန်းရှိရက်နဲ့ ထိုသို့ အပင်ကြီးများထက်၌ အနားယူရသည်က သူအနှစ်သက်ဆုံး အလုပ်တစ်ခု။

သူစိုးစံခဲ့သည့်တိုင်းပြည်တွင် ပြည်သူတွေ တင်မြှောက်သည့် တခြားသောမင်းတစ်ပါးက အုပ်ချုပ်နေပြီး သူ့နာမည်ကိုတော့သမိုင်းထဲကနေတောင် ဖျောက်ပစ်လိုက်ကြတာဖြစ်​၏။

သူသည်လည်း တိုင်းပြည်ကို စွန့်ခွာခဲ့ပြီး သူ့ကို အသက် ဆက်ပေးခဲ့သည့် သွေးစုပ်ဖုတ်ကောင် ချန် ထားပေးခဲ့သော မကုန်နိုင်မခမ်းနိုင်စည်းစိမ်ဥစ္စာများကို အခြေပြု ၍ တိုင်းပြည်တစ်ခုပြီး တစ်ခုကို ခရီးဆက်ခဲ့သည်။ထို့အတူ သူ့ကို ထာဝရရှင်သန်ခြင်းဟူသည့် အရာကို ပေးစွမ်းနိုင်မည့်သူကိုလည်း ရှာဖွေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုပင်ရှိပြီဖြစ်သည်။

ဒီဆယ်နှစ်တာကာလ အတွင်းမှာ သူ​၏မပြောင်းလဲသော ရူပကာအသွင်အပြင်နှင့်ပြည့်စုံကြွယ်ဝသော ပိုင်ဆိုင်မှုတွေကြောင့် ကပ်ခဲ့ကြသူများရှိ​၏။ ထိုသူများ​၏ နှုတ်ကနေလည်း သူ့ကို မည်မျှချစ်ကြောင်းဆိုသည့် စကားတွေကို နားနဲ့မဆံ့အောင် လည်း ကြားခဲ့ရသေးသည်။ မစစ်မှန်သော ချစ်ခြင်းများဖြစ်ကြောင်း ရိုက်စစ်စရာမလို။ အတုအယောင်ချစ်စကားတွေအောက်မှာ တစ်ချက်တောင်ယောင်ပြီး လှုပ်ရှားသွားခြင်းမရှိသည့် သူ့နှလုံးသားကသက်သေဖြစ်ခဲ့သည်။

The Greatest BloodsuckerWhere stories live. Discover now