အပိုင်း (၂၀) Unicode

1.9K 181 23
                                    

အိတ်ကြီး အိတ်ငယ် အသွယ်သွယ်ဖြင့် အားကျန့်တစ်ယောက် လမ်းထိပ်တွင်သူ့ကို လာခေါ်မည့် ကျောင်းက ဘတ်စ်ကားကြီးကို စောင့်လို့နေ​၏။အားကျန့်​၏ ဘေးတွင် သူ့အဖေ ရှောင်းဟွမ်ကလည်း အဖော်အဖြစ်စောင့်ပေးနေသည်။

"အားကျန့် နှစ်ည အိပ်ခရီးသွားတော့ ပါပါးက လွမ်းနေမှာပေါ့နော်..."

"အင်းပေါ့...ဒါပေမယ့်လည်း ဗဟုသုတရဖို့အတွက် သွားသင့်တယ်လေ..."

"ဟုတ်တယ်နော်...အားကျန့်ကလည်း ဗဟုသုတရချင်လို့သွားတာ...သွားချင်လို့သွားတာမဟုတ်ဘူး..."

"တီ...တီ..."

"ဟိုမှာကားရောက်ပြီ ပါပါး...အိတ်တွေလိုက်တင်ပေးဦး..."

"ဟုတ်ပြီ ကောင်းကောင်းသွားနော် ဆရာ ဆရာမတွေရဲ့စကားလည်းနားထောင် တစ်ခုခုဆို ပါပါးကို ဖုန်းခေါ်လိုက်ဟုတ်ပြီလား..."

"အင်း ပါပါး တာ့တာ..."

"တာ့တာပါဗျာ..."

ကားပေါ်တက်သွားသည့် အားကျန့်ကို ကြည့်နေသည့် ရှောင်းဟွမ်​၏ အပြုံးတို့က မနက်ခင်းနေရောင်ထက်တောင် တောက်ပလို့နေ​၏။

တကယ်တော့ ကျောင်းကစီစဉ်သည့် လေ့လာရေးခရီးအတွက် အားကျန့်ထက်ပို၍တက်ကြွနေခဲ့သူက ရှောင်းဟွမ်။ ခရီးသွားမည့် ရက်မရောက်ခင် တစ်ပတ်လောက်အလိုကတည်းက သူ့သားအတွက် အိတ်တွေထုတ်ပိုးပြင်ဆင်ပေးထားတာဖြစ်​၏။ လွမ်းတာတော့ လွမ်းရမှာဆိုပေမယ့် သူဒီနှစ်ရက်၊ သုံးရက်မှာ အနှောင့်အယှက်ကင်းကင်း ကောင်းကောင်းတော့နားရဦးမည်မဟုတ်လား။

အခုတော့ ရှောင်းဟွမ်​၏ သမိုင်းပေးတာဝန်တွေကို ဘတ်စ်ကား ဒရိုင်ဘာကြီးက ခေတ္တကြားဖြတ် ထမ်းဆောင်ပေးလို့နေ​၏။

ကားဆရာကြီးအနေနဲ့ လမ်းကြောသင့်လို့ အားကျန့်ကို ပထမဦးဆုံးဝင်ခေါ်ခဲ့တာ မှားပြီဟု တွေးလိုက်သည်။ ကားပေါ်စတက်လာကတည်းက လမ်းတစ်လျှောက်မြင်မြင်ရာ လက်ညိုးထိုးပြီးဘာတွေပြောလာမှန်းမသိ။

ခရီးပေါ်လိုက်ပါကြမည့် ကျောင်းသူကျောင်းသားတွေ အကုန်လုံး လူစုံတက်စုံ ဝင်ခေါ်ပြီးတာတောင် ဒီကလေးရဲ့ နှုတ်ခမ်းချွန်ချွန်တွေကို နောက်ထပ်မပွင့်လာဖို့ စွမ်းမဆောင်နိုင်ခဲ့ဘူး။ သူငယ်ချင်းတွေနဲ့လည်း သွားမထိုင်။ ကားမောင်းနေတဲ့ သူ့ဘေးနားမှာပဲ တွတ်ထိုးနေတာဖြစ်​၏။ကြည့်ရတာတော့ ရွယ်တူတွေထက် အကြီးတွေကို ပိုခင်တွယ်တတ်တာ ဖြစ်လိမ့်မည်။

The Greatest BloodsuckerWhere stories live. Discover now