အပိုင်း(၇) Unicode

1.7K 193 12
                                    

အားကျန့်က တိရစ္ဆာန်လေး​များ​၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် ဇီဝ ဖြစ်စဉ်များကို စိတ်ဝင်စားကာ လေ့လာသင်ယူနေတာလည်းဖြစ်​၏။ [သတ္တဗေဒကိုဆိုလိုခြင်းဖြစ်ပါသည်]

မနက်စာစားပြီးကတည်းက အခုထိအားကျန့် တစ်ယောက် အိမ်ရှေ့မျက်နှာစာ ကြမ်းပြင်တွင် ဝမ်းလျားထိုးမှောက်နေရင်း လက်ထဲက ကြွက်ပျံလေးကိုလေ့လာနေသည်။ လက်တစ်ဖက်တွင်လည်း စုတ်တံကိုကိုင်ထားတာဖြစ်ပြီး တစ်ခါတစ်ခါ သူ့အရှေ့က စာရွက်ပေါ်တွင် ရေးခြစ်မှတ်သားနေသေး​၏။

ဆရာအိမ်စာပေးလိုက်တာကြောင့် မနက်အစောကြီးကတည်းက အိမ်က အလုပ်သမားတစ်ယောက်ကို အိမ်နံရံတွင် ဇောက်ထိုးတွဲခိုနေသည့် ကြွက်ပျံတစ်ကောင်ကို အားကျန့် ဖမ်းခိုင်းလိုက်ခြင်းဖြစ်သည်။ကြွက်ပျံအရှင်လေးကို လှန်လိုက် မှောက်လိုက်လုပ်နေရင်း ကြွက်ပျံ​၏ ပါးစပ်ထဲက သွားစွယ်လေးနှစ်ခုကိုတွေ့ကာ စိတ်ဝင်စားသွား​၏။ ထို့နောက် သေသေချာချာ မြင်ရရန် လက်ထဲက စုတ်တံရိုးကို ကြွက်ပျံ​၏ ပါးစပ်ပေါက်ထဲသို့ ထိုးထည့်ကာ ဟထားလိုက်သည်။

ချွန်ထက်လှသော သွားစွယ်လေးနှစ်ခုကို အားကျန့်ပေါ်ပေါ်လွင်လွင်တွေ့သွားသောအခါ အတွေးထဲဝင်မိသည်မှာ...

သူဖတ်ဖူးတဲ့ ရုပ်ပြစာအုပ်တွေထဲက သွေးစုပ်ဖုတ်ကောင်​တွေ​၏ အသွင်အပြင်ပင်ဖြစ်သည်။ ကြွက်ပျံရဲ့ အတောင်ပံလိုပဲ ဝတ်ရုံအနက်ရောင်ကြီးတွေဝတ်ကာ ချွန်ထက်နေသော သွားစွယ်တွေဖြင့် သွေးလိုက်စုပ်ကြတာဖြစ်သည်။

ဒါဆိုကြွက်ပျံတွေက သွေးစုပ်တတ်လား။

​အစွယ်လည်းပါတယ်၊ သွေးလည်းစုပ်တတ်တယ်ဆိုရင် သွေးစုပ်ဖုတ်ကောင်တွေကနေများ ဆင်းသက်လာတာလား။

ရုတ်တရက်ဝင်ရောက်လာသည့် အတွေးတို့ကြောင့် အားကျန့်​၏ သိချင်စိတ်တွေ ထိန်းမရတော့။ ထို့ကြောင့် လူကြီးတွေများသိလိုသိလိမ့်ငြားမေးကြည့်ရန်...

"လီရန်..."

"လီရန်..."

ခါတိုင်းလိုတစ်ခုခုလိုရင် လီရန်ကို ခေါ်တတ်သည့် အားကျန့်က အခုတော့ သူ ဆယ်ခေါက်ထပ်မနည်းခေါ်တာတောင် ပြန်ထူးသံမကြားတာကြောင့် မျက်နှာညှိုးကျသွား​၏။ လီရန်က မနက်အစောကြီးကတည်းက သူ့ရဲ့ သတို့သမီးလောင်းအိမ်သို့ သွားနေတာကို သူမေ့သွားခြင်းဖြစ်သည်။ လက်မထပ်ရသေးဘူး ဖယ်ခွာခွာဖြစ်ချင်နေသည့် လီရန်က နောက်ဆိုသူ့ကို စိတ်ထဲတွင်ရှိတော့မည်မဟုတ်။

The Greatest BloodsuckerWhere stories live. Discover now