အပိုင်း(၄) Unicode

1.8K 218 15
                                    

ဒီနေ့ ဝမ်ရိပေါ် ဒီနေရာကို ပုံမှန်ထက် စောလွန်းစွာရောက်နေမိ​၏။ မှိတ်ထားသည့် မျက်လုံးများက အိပ်စက်နေခြင်းမဟုတ်။ တစ်နေရာမှ ပေါ်ထွက်လာမည့် ခြေသံသို့မဟုတ် လှုပ်ရှားမှုအသံလေးတွေကို တိတ်တဆိတ်​ ငြိမ်သက်တည်ငြိမ်လွန်းစွာ စောင့်ဆိုင်းနေသည့်ဟန်။ အပြင်ပိုင်း မျက်နှာထားတည်ငြိမ်နေသည့်တိုင် စိတ်လှုပ်ရှားမှုတို့ကြောင့် ပင့်သက်လည်း ခဏခဏ ရှိုက်လို့နေမိသည်။

"ရှပ်...ရှပ်...ရှပ်..."

မြေကြီးနဲ့ ဖိနပ်လေးများ ပွတ်တိုက်ကာ တရှပ်ရှပ်မြည်နေသည့် ခြေသံလေးများကြောင့် ဝမ်ရိပေါ် သူ​၏ မျက်လုံးများကို ဖွင့်လိုက်သည်။

တွေ့ရပါပြီ။ ဒီနေ့ကျတော့ အစိမ်းနုရောင် ဝတ်ရုံလေးကို ဝတ်လာသည်။ ကျောပြင်ထက်မှာလည်း ပိုးသားနဲ့ ပြုလုပ်ထားတဲ့ လွယ်အိတ်လေးတစ်လုံးနှင့်။တစ်ယောက်တည်းရောက်လာတာတော့ မဟုတ်လောက်။ ပြီးတော့ သူ့စိတ်ကပဲ ထင်နေတာလား။ ဒီနေ့ အရမ်းတိတ်ဆိတ်နေသလို...

"အားယာယားလေး ရေကူးတာ..."

အတွေးတွေတောင်မဆုံးသေး ခုန်ပေါက်ပြီး မနေ့ကကြားခဲ့ရတဲ့ ကဗျာကို ဆိုလိုက်တဲ့ဟာလေးကြောင့် သူ့ခန္ဓာကိုယ်တောင် ဆတ်ကနဲဖြစ်သွားရသည်။ အသံလေးက ကျင်စူးနေတာ။

ဝမ်ရိပေါ် သူ့အောက်နှုတ်ခမ်းကို ကိုက်လို့ အသက် တောင်ပြင်းပြင်းမရှူဘဲ လွယ်အိတ်ကို ဘုတ်ကနဲပစ်ချပြီးရေကန်အစပ်လေးကို ပြေးသွားသည့် အားကျန့်ကို မျက်တောင်မခတ်ဘဲကြည့်နေမိသည်။ သူသိချင်သည်။ သူချပေးထားတဲ့ အရာတွေကို တွေ့သွားရင် ဒီဟာလေးဘယ်လို တုံ့ပြန်မှုတွေ ပေးမလဲဆိုတာ။

"ဟင်..."

အားကျန့် မနေ့ကလိုပင် ရေကစားဖို့ ပြင်လိုက်စဉ် ရေကန်စပ်နားက ကျောက်တုံးကြီးတစ်ခုပေါ်တွင် အစုလိုက်အစည်းလိုက်ဖြစ်နေသည့် ကြယ်ပန်းများကိုတွေ့တာကြောင့် လိပ်တင်ထားသည့် ဝတ်ရုံကို ပြန်ချလိုက်ကာ ထိုကြယ်ပန်းတွေဆီသို့ ပြေးသွားလိုက်​၏။ ထို့နောက် ကြယ်ပန်းများကို ရင်ခွင်နဲ့ မဆန့်အောင် တပွေ့တပိုက် ထွေးပိုက်၍ မျက်လုံးဝိုင်းလေးများဖြင့် ငုံ့ကြည့်နေသည်။

The Greatest BloodsuckerWhere stories live. Discover now