အပိုင်း(၂၈) Unicode

1.8K 176 15
                                    

"အားကျန့် မဝတ်တတ်ဘူး...ပါပါးဝတ်ပေး..."

ယွမ်ဘိုးဘိုးပေးလိုက်သည့် ရိုးရာဝတ်စုံ မိုးပြာရောင်လေးကို အားကျန့်ယူလာပြီးနောက် သူ့အဖေကို ဝတ််ခိုင်းလို့နေ​၏။ ရှောင်းဟွမ်လည်း ဝတ်နေကျမဟုတ်၍ သိပ်မကျွမ်းကျင်တာကြောင့် သူကိုယ်တိုင်ပင် အခက် အခဲဖြစ်နေသည်။ ထိုစဉ် အခန်းထဲမှ ဝတ်စုံလဲပြီးထွက်လာသည့် ဝမ်ရိပေါ် မှာသားအဖနှစ်ယောက်နားသို့ရောက်လာပြီး...

"လာ ကိုယ်ဝတ်ပေးမယ်..."

"ဝမ်ရိပေါ်က တော်လိုက်တာနော်...အကုန်လုံးကို သိနေတတ်နေရောပဲ..."

သူ့ခေါ်ဆောင်ရာနောက်ကို ချီးမွမ်းခန်းတွေဖွင့်ပြီး လိုက်လာခဲ့သည့်အားကျန့်လက်ထဲက ဝတ်စုံလေးကို ဝမ်ရိပေါ်လက်ပြောင်းယူလိုက်သည်။ ထို့နောက် ဝတ်စုံထဲမှ ပထမဦးဆုံးတစ်လွှာဖြစ်သည့် အဖြူရောင် အတွင်းဝတ်စုံလေးကို ရွေးထုတ်ကာ ဖြန့်လိုက်သည်။

ပြီးလျှင် အဝတ်အစားလေးတွေကင်းမဲ့နေပြီဖြစ်သော အားကျန့်​၏ ကိုယ်လေးပေါ်တွင် တယုတယတင်ကာ လက်တွေကို လျှိုသွင်းစေလိုက်ပြီး ခါးစည်းကြိုးလေးကို ချည်နှောင်ပေးလိုက်​၏။ အတွင်းလွှာလေးကိုဝတ်ဆင်လို့အပြီး အပေါ်ရုံလွှာလေးကို လက်လှမ်းလိုက်သည့်အခါ ဝမ်ရိပေါ်​၏ ရင်ထဲလှိုင်းလေးတစ်ခုဖြတ်ပြေးသွားကာ မျက်ဝန်းအိမ်ထဲမျက်ရည်တွေ ရစ်ဝဲလာသည်။

မိုးပြာရောင်လေးသန်းနေသည့် ဝတ်ရုံလေးက သူတို့ရဲ့ ပထမဦးဆုံးတွေ့ဆုံခြင်းကို ပြန်လည်မြင်ယောင်စေသည်။ ကြယ်ပန်းလေးတွေကိုင်ပြီး အသံစာစာလေးတစ်ခုနဲ့ သူ့ဘဝထဲပြေးဝင်လာသည့် ဟာလေးက အခုချိန်ထိ မပြောင်းလဲဘဲတည်ရှိနေသေးသည်။

ဒါပေမယ့်ပေါ့ ။ဒီတည်ရှိမှုလေးက ဘယ်အချိန်ထိကြာရှည်နေဦးမှာလဲ​။ ထာဝရရှင်သန်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ သူဟာ ဒီဟာလေးကို အချိန်တန်လာတဲ့အခါ လောကကြီးထဲကနေ နောက်ထပ်တစ်ခါ ကြည်ကြည်ဖြူဖြူ လက်လွှတ်ပေးလိုက်ရဦးမှာ။

"ဝမ်ရိပေါ် ဘာလုပ်နေတာလဲ အားကျန့် လက်လေးညောင်းနေပြီလေ..."

အတွေးထဲမြောနေသည့် ဝမ်ရိပေါ်က အားကျန့်ကို နောက်ထပ်ဝတ်ရုံတစ်လွှာဝတ်ပေးဖို့ကျန်သေးသည်ကို မေ့လျော့လို့နေ​၏။ ပါးပေါ်ကျလာတော့မည့် မျက်ရည်တွေကို ဝမ်ရိပေါ် အချိန်မီတားဆီးလိုက်ကာ လက်ထဲက ဝတ်ရုံလေးကို အားကျန့်​၏ ကိုယ်ပေါ်သို့ ဆင်မြန်းပေးလိုက်သည်။

The Greatest BloodsuckerWhere stories live. Discover now