အပိုင်း(၂၅) Unicode

1.6K 164 6
                                    

"ကယ်ကြပါဦး..."

"ကယ်ကြပါဦးလို့..."

"အားကျန့်ကို ကယ်ကြဦးနော်..."

မနက်ရောင်နီထွက်ကတည်းကအိပ်ခန်းပြတင်း
ပေါက်​၏သံဗန်းကိုကိုင်ကာအားကျန့်အော်နေခြင်းဖြစ်သည်။ ဖုန်းကိုလည်း သိမ်းခြင်းခံထားရတာဖြစ်ပြီး အပြင်ဘက်မှနေလည်း အိပ်ခန်းတံခါးကို သော့ပိတ်ခံထားရခြင်းဖြစ်သည်။

"အားကျန့်ကို သော့ခတ်ထားပြီး ကျောင်းလည်းမသွားခိုင်းပါဘူးလို့...လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရပါတယ်...ရှောင်းလူကြီးမင်းကို ရဲတိုင်ပေးကြပါဦး..."

"ဘေးအိမ်က အဒေါ်ကြီးတို့ရေ...အားကျန့်ကိုကယ်ပါဦး...ကိုယ်နဲ့မဆိုင်သလိုမလုပ်ကြနဲ့နော်...အားကျန့်ပေးတဲ့လက်ဆောင်ခြင်းတွေကျတော့ ယူထားကြပြီးတော့ အားကျန့် ဒုက္ခရောက်နေတဲ့အချိန်ကျတော့ မသိချင်ယောင်မဆောင်ထားနဲ့နော်..."

"ကယ်ကြပါဦး..."

"ကယ်ကြဦးနော်..."

"ဂလုံး ဂလွမ်း...ခွမ်း..."

တဝုန်းဝုန်းနဲ့မြည်သံများသည် ဘေးပတ်ဝန်းကျင် အိမ်များမှ လှမ်းပစ်လိုက်သည့် ခဲလုံးများဖြစ်သည်။ မနက်ကောင်းကောင်းမိုးမလင်းခင်ကတည်းက အော်ဟစ်နေတဲ့ အသံစာစာလေးတွေကို သူတို့ မခံစားနိုင်တော့တာကြောင့်ဖြစ်သည်။

"ချောက်..."

အပြင်ဘက်မှ တံခါးဖွင့်သံနှင့်အတူ ရှောင်းဟွမ် အားကျန့်​၏ အခန်းထဲသို့ဝင်လာသည်။ သူ့အဖေကိုလည်းတွေ့ရော အားကျန့်ပြေးသွားကာ...

"ပါပါး အားကျန့် ကျောင်းသွားချင်တယ်..."

"အဝတ်အစားလဲ စက်ရုံကိုလိုက်ခဲ့..."

"ပါပါး အားကျန့်ကျောင်းသွားမယ်လေ..."

"ဘာမှပြန်မပြောနဲ့ အခုချိန်ကစပြီး ပါပါးနားကနေ တစ်ဖဝါးမှ မခွာနဲ့...သွား မြန်မြန်သွားလဲ..."

"မလိုက်ချင်ဘူးလို့ ပါပါးရဲ့စက်ရုံက ပျင်းစရာကြီး...အဲ့က ကောင်မလေးတွေကလည်း အားကျန့်ကို ဟိုကိုင်ဒီကိုင်နဲ့ မလိုက်ချင်ပါဘူး..."

The Greatest BloodsuckerWhere stories live. Discover now