ဒေါက် ဒေါက်
"ဂျောင်ကုရေ....."ဂျောင်ကုကျောင်းကပြန်လာပြီး အိမ်စာလုပ်နေတုန်း
ဦးလေးမင်တံခါးလာခေါက်တာမို့ ထဖွင့်ပေးလိုက်သည်...."ဟုတ် ဦးလေးမင် ဘာဖြစ်လို့လဲ...."
"အာ အဲဒါက စာရွက်စာတမ်းတွေယူခဲ့ပြီး ဆော့ဂျင်လေးကိုလာခေါ်လို့ရပြီတဲ့ ဂေဟာမှူးခုပဲဖုန်းဆက်လာတယ်....."
"ဟင် တကယ်လားးးးး
၀ါး နမ်ဂျွန်း hyung တို့ကိုခေါ်သွားတာ အလုပ်ဖြစ်သားပဲ 3 ပတ်စောင့်စရာမလိုတော့ဘူး
မိုက်လိုက်တာ....နက်ဖြန်သွားခေါ်ရအောင် ဦးလေးမင်..."
"ဟင် နက်ဖြန်ကကျောင်းဖွင့်တယ်မလား...."
"ကျောင်းကပြန်လာရင်သွားခေါ်မယ် ကျူရှင်ချိန်လည်းခွင့်တိုင်လိုက်မယ်...."
"အင်းပါကွာ ဒါဆိုဦီးလေးအသင့်လုပ်ထားလိုက်ပါ့မယ်....."
"ဒါနဲ့ ဖေဖေရော ဘာပြောသေးလဲဟင်...."
"မင်းတို့သားဖက စကားမပြောကြဘူးလား...."
"အဲဒီလိုတော့မဟုတ်ပေမဲ့ တွေ့တဲ့အချိန်လည်းသိပ်မရှိတော့
ဦးလေးနဲ့ဆိုပိုတွေ့ဖြစ်တယ်လေ....""အင်းးးးးအကြမ်းဖျဥ်း သိသင့်တာလောက်တော့မေးတယ် ကျန်တာမင်းသဘောပဲတဲ့ ...."
ဂျောင်ကု ခေါင်းညိတ်ပြပြီး အခန်းထဲပြန်၀င်လာခဲ့သည် သူ့အဖေကနဂိုထဲက အေးစက်စက်နိုင်တာမို့
အထွေအထူးတော့မအံ့သြမိ ....
အမြဲတမ်း သူနဲ့ဖေဖေကြားမှာ စည်းတစ်ခုရှိနေသလိုခံစားရတယ် ဘာမှန်းသေချာမသိပေမဲ့ပေါ့တစ်ခုခုကို မေ့လျော့နေသလိုမျိုး တစ်ချို့အဖြစ်အပျက်တွေနဲ့ပက်သတ်ပြီး သူ့ခေါင်းထဲဗလာဖြစ်နေတက်တယ် ဥပမာ မေမေဆုံးသွားတဲ့ကိစ္စလိုမျိုးပေါ့ အဲဒီနေ့ကအဖြစ်အပျက်တွေအကုန်လုံးက
သူ့စိတ်ထဲဗလာဖြစ်နေခဲ့တာ.....>>>>>
ဂျောင်ကုကပုံမှန်ဆို အိပ်ရေးမက်ပြီး တစ်ချိုးတည်းအိပ်ပျော်တက်ပေမဲ့ ဒီညကတော့မတူ
ဆော့ဂျင်အတွက် ဘာတွေဘယ်လိုလုပ်ပေးရမလဲ
ကျောင်းပြောင်းပေးဖို့ ကစားကွင်းပို့ပေးဖို့
ဆော့ဂျင်နဲ့အတူ ကစားပေးဖို့
ဂျီမင်းကလွဲပြီး အခြားသူတွေနဲ့၀ေး၀ေးနေခိုင်းဖို့