ပင်လယ်တွေရဲ့ ငိုသံကိုကြားဖူးလား ဒယ်ဒီ
ပင်လယ်တွေ ငိုကြွေးတက်တာကိုရောသိလား.....
ဆောရီး ဒယ်ဒီ ကတော့ပင်လယ်ကိုမုန်းတယ်မလား အထူးသဖြင့် ပင်လယ်ငိုတဲ့ညတွေကိုလေ..........Jin.....
ပင်လယ်က အရင်လောက် မုန်းစရာမကောင်းတော့ဘူးဘေဘီ အနားမှာမင်းရှိနေတာကြောင့်ပဲ ဖြစ်မယ်
ကိုယ်သာနောက်ဆုံးဆန္ဒအဖြစ် တစ်စုံတစ်ခုကို ဆုတောင်းခွင့်ရမယ်ဆို မင်းကိုစတွေ့နဲ့နေ့တွေဆီပြန်သွားမယ် ပြီးရင် မင်းကိုဘယ်အရာတွေနဲ့မှ ချည်နှောင်သိမ်းဆည်းဖို့မကြိုးစားတော့ဘူး..........jeon....
အဲဒီကြယ်တွေစုံတဲ့တညမှာ လင်းလက်နေတဲ့လခြမ်းကလေးကို ကျွန်တော်ကောက်ရခဲ့တယ်
မမြင်ရတဲ့ လခြမ်းကလေးရဲ့ အခြားတစ်ဘက်ကတော့ အလင်းမဲ့မှောင်ပိတ်နေခဲ့တာတဲ့
ဒါပေမဲ့ ကျွန်တော့်တစ်ကိုယ်ရည်စာအတွက်တော့
လခြမ်းကလေးဆီက အလင်းရောင်လုံလုံလောက်လောက်ရရှိခဲ့ပါတယ် ..........Tae......
ကိုယ့်အင်ထရိုတွေကို ဖက်ရင်းနဲ့မှနားလည်သွားပါလိမ့်မယ်နော် ဇာတ်ကောင်ဇာတ်လမ်းမိတ်ဆက်မရှိပါဘူး
ဖက်ရင်းနဲ့မှ သူတို့ကာရိုက်တာနဲ့ ဇာတ်လမ်းကိုနားလည်သွားမှာပါကိုယ်ရေးနေကျပုံစံအရဆို ဇာတ်လမ်းရယ်ကာရိုက်တာတွေရယ်ကြိုတွေးထားမယ် 10 ပိုင်းကျော်အထိကကာရိုက်တာတွေကိုဇာတ်လမ်းဆီဆွဲခေါ်တာဖြစ်ပြီး
နောက်ပိုင်းတွေမှာတော့ ကာရိုက်တာတွေနောက်ကို
ကိုယ်ကလိုက်သွားတာပါ.....
တစ်ခုခုပေါ့ ပြသာနာဖြစ်ပြီဆိုလည်း ဒီဇာတ်ကောင်ရဲ့အကျင့်စရိုက်အရဘယ်လိုတုန့်ပြန်မလဲ ဘယ်လိုဖြေရှင်းမလဲပေါ့ အဲဒီလိုတွေးပြီး ကာရိုက်တာတွေနောက်တစ်လှည့်ပြန်လိုက်ရပါတယ်...
တွေးထားတာတွေနဲ့ အမြဲကွဲထွက်သွားတာများလို့
ဘာမှကြိုမပြောတာပါ....
Healing ဖြစ်စေတဲ့ ဟာမျိုးတော့မဟုတ်ပါဘူး
အလောင်လည်းမဟုတ်ရပါဘူး ရသစုံဒရမ်မာပါပဲ
ဇာတ်အိမ်ခိုင်ပြီးကျယ်လို့အပိုင်းများလောက်တယ်ရှင့်တစ်ပတ်ကို 3 ပိုင်း up ပေးပါ့မယ် ကတိ🤗
ဖက်တဲ့သူရှိရင်ရှိသလိုများများ up ပေးမယ်နော်.....🖤🖤🖤