ဆာကူရာပန်းတွေပွင့်ချိန်ရောက်သွားတဲ့ အိုဆာကာဟာ Animie ဇာတ်လမ်းထဲကိုယ်တိုင်၀င်သွားရသလိိုခံစားချက်မျိုးကို ရစေတယ်....
"ဒယ်ဒီ သဘောကျလိုက်တာ အရမ်းလှတာပဲ
တကယ်သဘောကျတယ် ဆာကူရာပန်းတွေကလှလိုက်တာ ပွင့်ဖက်တွေကြွေနေတာက လမ်းဘေးမှာ ပန်းနုယောင်ကောဇောတွေဖြန့်ခင်းထားသလိုပဲနော် ဟိုကို ကြည့်လိုက်ဦး ဒယ်ဒီ ကျွန်တော်ကြည့်ဖူးတဲ့ Animie ထဲကနေရာနဲ့လုံး၀တူတယ် ....."လေဆိပ်ဆင်းထဲက ဂျပန်နိုင်ငံကရှူကွင်းတွေနဲ့ ဆာကူရာပန်းတွေကို ကားမှန်ကနေ သဘောတကျ ငေးကြည့်နေတဲ့ ဆော့ဂျင်ကကလေးငယ်လေးလို ချစ်စရာကောင်းလှသည်....
ဆာကူရာပန်းတွေထက် ပိုလှတဲ့ မျက်နှာနုနုကလေးပေါ်ကဆော့ဂျင်ကိုငေးမောနေချိန် စိတ်ထဲကြည်နူးပီတိကလွဲပြီးဘာမှရှိမနေခဲ့....
ဆော့ဂျင်နဲ့အတူခရီးတွေအများကြီးမသွားခဲ့မိတဲ့အတွက်နောင်တရမိတယ် အရာအားလုံးကိုလွှတ်ချနိုင်ပြီးတဲ့ တစ်နေ့ကျရင်တော့ဆော့ဂျင်လက်ကိုဆွဲပြီး ကမ္ဘာအနှံ့လျှောက်ပတ်သွားဦးမယ်....
"ဒယ်ဒီ ဒယ်ဒီ ဘာလို့ပြန်မပြောတာလဲ ကျွန်တော်ကအရူးကြနေတာပဲတစ်ယောက်ထဲပြောနေရတယ် ဒယ်ဒီကပြုံးပြုံးကြီးနဲ့ ကျောက်ရုပ်ဖြစ်သွားတာလား....."
"အင်းးးးကလေးကဘာပြောတာလဲ ပြန်ပြောပါဦး...."
"ဆာကူရာပန်းတွေလှတယ်လို့...."
"ဟင်အင်းးးး ကိုယ့်အမြင်တော့ ကလေးလောက်မလှပါဘူး ကိုယ့်ရဲ့ချယ်ရီပွင့်ငယ်ကလေးလိုမလှကြပါဘူး ကိုယ်ကတော့ ကိုယ့်ရဲ့အပိုင် ချယ်ရီပန်းကလေးမင်းကိုပဲ လှတယ်လို့မြင်နေတာ....."
"အဲဒီလိုလားးးးဟီးးးး"
ဆော့ဂျင်ကဟန်ဆောင်မူပိုလုပ်လေ့မရှိ ငယ်သေးလို့လားတော့မသိ ပကတိရိုးရှင်းဖြူစင်နေတာပဲ
သဘောကျတဲ့စကားကြားရရင်လည်း ရယ်ပြပြီးခုလိုခုလို သဘောကျကြောင်းပြလိုက်တာမျိုးပေါ့....သူ့မှာအချစ်ပိုရသောအကြောင်းရင်းတွေပါပဲ......
...
KAMU SEDANG MEMBACA
DEVIL Gardener.....(complete)
Fiksi PenggemarTaejinkook Dark Drama just my imaginary 🖤