"ကိုကို ဂျွန်းပြန်ရောက်နေတာလား ကျွန်တော်က ဟိုလေ...."
အိမ်ထဲ၀င်လာချိန် မမျှော်လင့်ဘဲရုတ်တရက်တွေ့လိုက်ရတဲ့နမ်ဂျွန်းကြောင့် ဂျီမင်းခြေလှမ်းတုံ့ကာ လန့်သွားမိသည်....
ဒီနေ့ကပိတ်ရက်မို့ အစ်ကိုယွန်းဂီနဲအပြင်သွားခဲ့တာ
ဆော့ဂျင်ကတော့ သူ့အစ်ကိုရဲ့ MV အတွက်ရိုက်ကူးရေးရှိနေတယ်လေ ရည်းစားရဲ့ သီချင်းမှာသရုပ်ဆောင်ပြီး ပွဲဦးထွက်ရတော့ အဲဒီကောင်မတရားပျော်နေတာ...
အဲဒါကြောင့် သူလည်းပျင်းနေလို့ရည်းစားနဲ့ကော်ဖီခဏထွက်သောက်ခဲ့တာ ဖြစ်ချင်တော့ဒီနေ့ကျမှ အစ်ကိုယွန်းဂီက သူ့ကိုအိမ်ရှေ့ထိလိုက်ပို့ခဲ့တာ....သူတို့မိဘတွေက မိတ်ဆွေရဲ့မင်္ဂလာနှစ်ပတ်လည်သွားတာညနေမှပြန်လာမယ်ပြောခဲ့တာကြောင့် သူလည်းဘာမှမပြောဘဲ အိမ်ရှေ့ထိခေါ်လာမိတယ်လေ....
အစ်ကိုယွန်းဂီဖေဖေကတော့ သူတို့တွဲနေတာသိပြီးပြီမို့ ကိစ္စမရှိပေမဲ့ ကိုကိုဂျွန်းများသူတို့ကိုတွေ့သွားခဲ့လားတွေးမိတော့ စိုးရိမ်စိတ်၀င်လာမိတယ်....
"ဘာ ဘာဖြစ်လို့ပစ္စည်းတွေသိမ်းနေတာလဲဟင်..."
"မင်းးကိုကြိုမပြောခဲ့မိဘူး ကိုယ်အလုပ်ရသွားပြီ နယူးယောက်ကတက္ကသိုလ်တစ်ခုမှာလေ ကိုယ့်ဆရာထောက်ခံပေးခဲ့တာ...
နောက်အပတ်ထဲသွားတော့မှာ အစကတော့နည်းနည်းတွေ၀ေမိပေမဲ့ ခုတော့မြန်မြန်သွားရတာပိုကောင်းတယ်လို့ထင်တယ်......""ဘယ်တော့ပြန်လာမှာလဲဟင် ရုတ်တရက်ကြီးကိုကိုဂျွန်းရာ...."
အရင်ကလည်း သွားလေ့ရှိပေမဲ့ ဒီလိုအလုပ်အတည်တကျနဲ့မဟုတ်တာမို့ ရက်ပိုင်း အများဆုံးလပိုင်းလောက်ပဲကြာတာမျိုးလေ...
ခုကျ အလုပ်နဲ့ဆိုတော့ ဘယ်လောက်ကြာလို့ ဘယ်ချိန်ပြန်လာမှာလဲ ဟိုမှာအခြေချမှာလား ၀မ်းနည်းရတယ်
ဒီလိုဆုံးဖြတ်ရတဲ့အကြောင်းရင်းတွေထဲ သူ့ကြောင့်တစ်စိတ်တစ်ပိုင်းပါမှာ သေချာနေတာပဲမဟုတ်လား......စိတ်ထိန်းခဲ့ပေမဲ့ ရုတ်တရက်ဆန်တဲ့အကြောင်းအရာတွေကြောင့် ဂျီမင်းကြမ်းပြင်ပေါ် ငုတ်တုတ်ထိုင်ချပြီးငိုမိတော့သည်.....