ရာသီဥတုဆိုတာ အတိအကျခန့်မှန်းဖို့ခက်ခဲတဲ့အရာပဲတဲ့ ဒါကမှန်တဲ့စကားပါပဲ ခုပဲကြည့်
ညတုန်းကနဲ့ တခြားစီ သာယာတဲ့ရာသီဥတုပြန်ရောက်လာခဲ့ပြန်ပြီ....ဒါပေမဲ့ ဂျောင်ကုအဖေက သိသိချင်းစိတ်ပူပြီး ကားလွှတ်ကာချက်ချင်းလာကြိုခိုင်းခဲ့တယ် ....
ကမ်းခြေမှာ ရေတောင်မကစားလိုက်ရဘဲ ပြန်လာခဲ့ရတာမို့ ဆော့ဂျင်ကို ဂျောင်ကုသနားမိသည်
ဆော့ဂျင်ခဗျာ ဒီကိုလာဖို့ အရမ်းတက်ကြွပျော်ရွှင်နေခဲ့တာလေ....
ခုတော့ သူ့ကြောင့်ချက်ချင်းပြန်လာခဲ့ရပြီ...ဆော့ဂျင်ကို ဂျီမင်းတို့နဲ့နေခဲ့မလားမေးပေမဲ့ ခေါင်းတွင်တွင်ယမ်းကာ သူနဲ့ပြန်လိုက်လာတာမို့ သနားမိတဲ့စိတ်နဲ့အတူ ကြည်နူး ကျေနပ်ခဲ့ရသေးသည်.....
ကားပေါ်မှာ ဆော့ဂျင်ကသူ့ပခုံးကိုမှီပြီး တစ်လမ်းလုံးအိပ်လာခဲ့တာ...
ညက တစ်ညလုံးမအိပ်ခဲ့ဘူးထင်ပါရဲ့...ကြည့်ဦး ငါ့ကလေးလေး မျက်နှာတောင်ချောင်ကျသွားသလိုပဲ အစားတွေများများပြန်၀ယ်ကျွေးမှပါ....
အိမ်နားရောက်ခါနီးမှ ဆော့ဂျင်အိပ်မှုန်စုံမွားနဲ့ နိုးလာတော့တယ် ....
"၀ါးးးးးကူးကူး အိမ်ရောက်တော့မှာလား...."
"အိပ်ရေးရော၀ရဲ့လား နောက်5 မိနစ်လောက်ဆိုရောက်ပြီလေ ပေါက်စရဲ့...."
"ဟင် တစ်လမ်းလုံးဒီတိုင်း အိပ်လာတာလား
ကူးကူးပခုံးနာသွားပြီလား အုံဖွ အုံဖွ ပျောက်စေ....""ပေါက်ကရတွေလုပ်မနေနဲ့ ပေါက်စရာ မင်းကိုယ်လုံးပေါ့ပေါ့လေးနဲ့မှီတာဘာမှမဖြစ်ဘူး...."
ဟမ့် စေတနာနဲ့ နာနေမှာစိုးလို့ပျောက်အောင်လုပ်ပေးတာကို နေပေါ့ ....
"ပြန်ရောက်ပြီပဲ အိပ်လိုက်လို့လား ခဏနေလေးလိုပဲ ကူးကူးသွားနားလိုက်တော့
ကူးကူးအိတ်တွေ ကျွန်တော်သယ်ခဲ့ပေးမယ်...."သူ့ကို လူမမာလိုဂရုစိုက်နေတဲ့ ဆော့ဂျင်ကိုဂျောင်ကုဘာမှပြောမနေတော့ဘဲ အိမ်ထဲအရင်၀င်လာခဲ့လိုက်သည်.....
ခဏကြာတော့ သူ့အ၀တ်အိတ်သယ်ပြီး ဆော့ဂျင်သူ့အခန်းရောက်လာတော့သည်....