ဘ၀မှာပထမဆုံးကြုံရတဲ့ အချစ်ဟာ တစ်ဖက်သက်အဖြစ်နဲ့ပြီးဆုံးသွား
ဒါမှမဟုတ် ဆက်ရန်ရှိနေနိုင်ဦးမလား.....>>>>
ဆော့ဂျင် သူ့အခန်းထောင့်က မဖောက်ရသေးတဲ့ လက်ဆောင်ဘူးတွေနဲ့ ဒေစီပန်းစည်းကလေးကို
ရည်ရွယ်ချက်မရှိ လှမ်းကြည့်နေမိသည်....လက်ဆောင်တွေကများတာပဲ မွေးနေ့မတိုင်ခင်တစ်ပတ်အလိုတည်းက ကူးကူးကနေ့တိုင်းလက်ဆောင်တွေပို့ခဲ့တဲ့တာလေ အခြားသူတွေပေးတဲ့ဟာတွေရောဆို တော်တော်များတယ် ပန်းစည်းကတော့ ကူးကူးသူ့ဆီပထမဆုံးပို့ခဲ့တဲ့လက်ဆောင်ပေါ့.....
အစကစားပွဲပေါ်တင်ထားပေမဲ့ ဒီနေ့မြင်ရတဲ့သတင်းတွေကြောင့် လက်ဆောင်ထုတ်တွေပေါ်သွားပစ်ထားလိုက်တာ....
ကင်မီယူနဲ့ အပြင်ထွက်လည်တယ် ဒိတ်နေတာလားဆိုပြီး လူတွေပြောနေကြတာလေ....
ကူးကူးကတော့ အရင်ရက်တည်းက စာတွေဆက်တိုက်ပို့ပြီး ရှင်းပြခဲ့တယ်...
ကူးကူးကိုယုံကြည်ပေမဲ့လည်း ၀မ်းနည်းရတာပဲနာမည်ကြီးတစ်ယောက်ကို ချစ်မိရင် သူ့ဘ၀ သူ့အချိန် သူ့အချစ်တွေ အချိန်တွေအကုန်လုံးကို တစ်ယောက်တည်း မောင်ပိုင်စီးထားချင်လို့ မရနိုင်ဘူးမဟုတ်လား....
ထင်ထားတာထက် ပိုခက်ခဲတယ်....စိတ်ပြေလက်ပျောက် အပြင်ထွက်လမ်းလျှောက်ပြီး စားချင်တာတွေ စားသင့်တယ် ဒီရက်ပိုင်းငါမကောင်းတဲ့ အတွေးတွေထဲနစ်နေခဲ့တာပဲ....
>>>>
ဆော့ဂျင် သူ့အတွက်သီးသန့်ထားပေးထားတဲ့ ဒရိုက်ဘာ အစ်ကိုမင်ဂျယ်ကို မခေါ်ဘဲ တစ်ယောက်တည်းထွက်လာခဲ့တယ်
သူ့စိတ်တွေကို အနားပေးပြီး ရင်ထဲဗလာဖြစ်သွားအောင်လမ်းကိုဆက်တိုက်မြန်မြန် လျှောက်နေလိုက်တယ်...
လူက ခန္တာကိုယ်ပင်ပန်းလာရင် အာရုံပြောင်းပြီး အတွေးတွေလည်းရပ်သွားတက်တယ်လေ....
ဆော့ဂျင် သူတို့အနီးနားက ပန်းခြံထဲ အတော်ကြာအောင် လမ်းလျှောက်ခဲ့တယ်....