ဒေါက် ဒေါက်
"သား ဂျောင်ကု မေမေလေး၀င်လာလို့ရလား...."အပြင်ကမေမေလေးရဲ့ အသံကိုကြားပေမဲ့ ဂျောင်ကုအခန်းနံရံကိုမှီပြီး မလှူပ်မယှက်တိတ်ဆိတ်နေခဲ့သည်....
မေမေလေးလည်း သုံးလေးခါပြောပြီးတဲ့အထိ သူ့ဆီကစကားပြန်မရတာကြောင့် လက်လျော့သွားပုံရသည်....
တကယ်ဆိုရင် ဂျောင်ကု မေမေလေးကို၀င်လာစေချင်ခဲ့တာ ဘေးကနေတစ်ယောက်ယောက်လာနှစ်သိမ့်ပြီး သူ့ကိုနားလည်ပေးစေချင်မိခဲ့တာ...
အဆင်ပြေပါတယ် မင်းစိုးရိမ်သလိုဖြစ်မလာပါဘူး
မင်းထိန်းချုပ်နိုင်မှာပါဆိုတဲ့ စကားမျိုးတစ်ယောက်ယောက်ဆီကကြားချင်ခဲ့တာ....
ဒါပေမဲ့ မေမေလေးက သူတို့သားဖနဲ့ပက်သက်ရင်
အမြဲမ၀ံ့မရဲ ဖြစ်နေခဲ့တယ်....ဖေဖေရော သူရောကပင်ပန်းနာကျင်ရတာတွေကို ထုတ်ပြောတက်တဲ့အကျင့်မရှိဘူးထင်တယ်....
၀မ်းနည်းနေပါတယ် ပြောရမဲ့အစား ဒေါသထွက်ပြီး သောင်းကျန်းပစ်လိုက်ကြတာပဲ....ဖေဖေက ခုထိ မေမေနဲ့ပက်သက်ပြီး ဆင်ခြေမပေးဘူး သူ့ရင်ထဲကခံစားချက်ကိုထုတ်မပြဘူး
တစ်ခါတစ်လေတော့ ဖေဖေဆီကအကြောင်းပြချက်လိုချင်မိတယ် ပိုပြီးခွင့်လွှတ်ပေးချင်ခဲ့တာပြီးတော့ ငါကဖေဖေ့လိုမဖြစ်လာချင်ဘူး မုန်းတယ်
ဖေဖေလုပ်ရပ်တွေကို မုန်းတယ်လို့ပြောခဲ့ပြီး
ငါကိုယ်တိုင် အဲဒီလိုလုပ်မိမှာကြောက်တယ်.....ဂျောင်ကု သူ့အတွေးတွေနဲ့သူ လှောင်ပိတ်နာကျင်နေတုန်း သူ့အခန်းတံခါးကိုဖွင့်ပြီး တစ်ယောက်ယောက် အခန်းထဲ ၀င်လာခဲ့တယ်....
"ကူးကူး....."
အဲဒါက ဆော့ဂျင်ပဲ
ကြောက်တယ် ဆော့ဂျင်သူ့ကိုမကောင်းမြင်မှာကြောက်တယ် ဆော့ဂျင်ကလေသံအေးအေးနဲ့ လာခေါ်နေပေမဲ့ သူ့ကိုယ်သူအပြစ်ရှိသလိုခံစားနေရတယ်....ကျနေတဲ့ မျက်ရည်တွေကိုမမြင်စေချင်တာမို့ သူ့ခေါင်းကိုဒူးနှစ်ဖက်ကြားဖွတ်ထားမိတယ်....
"ကူးကူး ငိုနေတာလား...."
ဆော့ဂျင်က နံရံကိုမှီကာ သူ့ဘေးမှာလာထိုင်ပြီး
မေးနေတယ်.....
သေချာတာကတော့ ဆော့ဂျင်လည်းနံရံမှာမှီထိုင်ရင်း
သူ့ကိုစိတ်ပျက်လက်ပျက်နဲ့ ထိုင် ကြည့်နေတာဖြစ်နိုင်တယ်....