အသွေးအသားနဲ့ ဖွဲ့စည်းထားတဲ့ လူသားတွေပဲ
ကျောက်ဆိုင်ကျောက်ခဲနဲ့တည်ဆောက်ထားတာမဟုတ်တာ အချစ်ရယ် ပင်ပန်းလာတဲ့အခါ ချစ်ရသူကိုတောင်းတလိုအပ်မိကြတာပဲပေါ့........
ဂျောင်ကု အဲဒီညကအတော်နဲ့အိပ်မပျော်နိုင်ခဲ့...
စိတ်ထဲလေးပင်တာတွေကို သီချင်းစာသားတွေအဖြစ်ပြောင်းလဲရင်း မိုးလင်းပေါက်နီးပါးဖြစ်သွားသည်...သူ့စိတ်ထဲ မိုးမြန်မြန်လင်းပါစေဆုတောင်းနေမိတယ်
ဒီနေ့ကဆော့ဂျင် ခရီးကပြန်လာမဲ့နေ့လေ....
ဆော့ဂျင်ကိုယ်လေးကိုပွေ့ဖက်ထားရမယ်ဆို သူ့စိတ်ထဲကရှုတ်ထွေးမှူတွေ အတော်အတန် သက်သာကောင်းပါရဲ့...လူဖြစ်ဖြစ် စိတ်ဖြစ်ဖြစ် ပင်ပန်းလာတဲ့အခါချစ်ရသူကိုတောင်းတမိတက်ကြတာပဲမဟုတ်လား....
ကိုယ်ဘယ်ချိန်မှာ မင်းကိုစချစ်သွားခဲ့မှန်းမသိဘူးဆော့ဂျင်
အဲဒီလိုပဲ ကိုယ်ပျိုးခဲ့တဲ့အပင်ငယ်ကလေးကို အရိပ်တကြည့်ကြည့်လုပ်နေရင်းကနေ ပန်းကလေးပွင့်ဖူးလာတယ် ကိုယ့်ရဲ့စိုးရိမ်မှူတွေအမြင့်ဆုံးရောက်သွားတယ် အခြားသူတွေလာနမ်းမှာ လာထိမှာ လာခူးယူသွားမှာကို သေမတက်ကြောက်လာမိတယ်....
ကိုယ်ပဲ နမ်းချင်တယ် အချိန်တန်ကြွေရမယ်ဆိုရင်တောင် ခူးယူပန်ဆင်သူကကိုယ်ပဲဖြစ်ချင်တယ်.....ဆော့ဂျင် အိမ် ပြန်ရောက်တဲ့အကြောင်း စာပို့ပို့ခြင်း
သူအိမ်ကိုအမြန်ပြန်လာခဲ့မိသည်....
အစ်ကိုယွန်းဂီကတော့ စိတ်တိုနေမှာပဲ သူအလုပ်လုပ်နေရင်းကနေထွက်သွားတာ တစ်ခါမှမကတော့ဘဲ ဒါပေမဲ့လည်းပြန်ရောက်လာရင် လုပ်စရာရှိတာကိုပြီးအောင် အချိန်အစားထိုးလုပ်တာမို့ သူ့ကိုယ်သူတော့အပြစ်ရှိတယ်လို့မခံစားရပါဘူး...."အဒေါ်ကြီး ဆော့ဂျင်သူ့အခန်းမှာလား...."
"ဟုတ်တယ်သားရဲ့ ဒီနောက်ပိုင်းအိမ်ကိုခဏခဏပြန်လာနေတာပဲ ငါတို့ဂျောင်ကုလေးက.. "
ဂျောင်ကုလည်း အဒေါ်ကြီးစကားကို ရယ်ကျဲကျဲလုပ်ပြပြီး ဆော့ဂျင်အခန်းကိုသာဦးတည်သွားလိုက်သည်.....