"ပါဆယ်ပုံးကကြီးလိုက်တာ အထဲမှာဘာတွေလဲ အမကြီးဂင် ကျွန်မမှာထားတဲ့ဟာတွေတော့မဟုတ်ဘူးထင်တယ်နော်..."
ဆူယွန်း ရိုက်ကူးရေးကပြန်လာပြီး အိမ်ထဲ၀င်၀င်ချင်းတွေ့လိုက်ရတဲ့ ပါဆယ်ပုံးတွေကိုကြည့်ကာမေးလိုက်ခြင်းဖြစ်သည်....
ပုံမှန်ဆို online ကပစ္စည်းတွေကိုသူအမှာဆုံးပဲမဟုတ်လား...
"မဟုတ်ပါဘူး ဆူယွန်း ဂျောင်ကုမှာထားတဲ့ပါဆယ်ပါ ...."
အလေးကြီးပဲ ဘာတွေမှာထားတာပါလိမ့်ဒီကလေး....
ဆူယွန်းလည်းသူ့ပစ္စည်းမဟုတ်တာမို့ ဒီတိုင်းထားခဲ့ပြီးအခန်းထဲ၀င်သွားလိုက်သည်...
...စာအုပ်တွေမှာထားတာထင်တယ် ပုံးကိုတွန်းကြည့်တာတောင်လေးလိုက်တာ..........
"ဂျောင်ကု သားမှာထားတဲ့ ပါဆယ်လာပို့သွားတယ်..."
"အင်းးဒေါ်ကြီး အကုန်ရေခဲသေတ္တာထဲထည့်ပေးလို့ရလား...."
"ဘာတွေမလို့လဲသားရယ် ဒီလောက်အများကြီးကို
အကုန်ထည့်ထားမလိုလား....""ချောကလက်တွေလေ ...."
"ဟင်..."
ချောကလက်တွေကို စက္ကူပုံးနဲ့အပြည့်မှာလိုက်တဲ့ဂျောင်ကုကို အဒေါ်ကြီးဂင်က နားမလည်စွာကြောင်ကြည့်နေသည်...
ဂျောင်ကုကတော့ စိတ်ကျေနပ်ဟန်ဖြင့်ပြုံးကာ
ကျူရှင်သွားဖို့ ထွက်သွားသည်....ဂျောင်ကုချောကလက်တွေ အများကြီးမှာပစ်ရတဲ့အကြောင်းရင်းကဘာများပါလိမ့်...
Flash back. အရင်နေ့ ညနေ.......
"ပြောစမ်း မင်းကရည်းစားရှိနေတာဟုတ်လား
မင်းအရွယ်လေးနဲ့လေ မင်းက11နှစ်တောင်မပြည့်သေးဘူး ကလေးပဲရှိသေးတာလေ
ပြောစမ်းပါ ဂျီမင်းပြောတာတကယ်လား
စနောက်တာလား အဲဒီလိုတိတ်မနေနဲ့နော်...
ငါ့ကိုစိတ်တိုအောင် မလုပ်စမ်းနဲ့ဂျွန်ဆော့ဂျင်...."ဆိုင်ထဲကနေ သူ့အခန်းထဲထိ လက်ကိုအကြမ်းဆွဲကာခေါ်လာတဲ့ဂျောင်ကုကို ဆော့ဂျင်လန့်နေမိသည်...
အရင်ကခဏခဏ စိတ်တိုတက်ပေမဲ့ ဒီတစ်ခါကပိုဆိုးတယ်ထင်ရသည် ဘယ်ကစပြောပြရမှန်းမသိ
သူ့ပခုံးကိုကိုင်ပြီး ဆက်တိုက်မေးနေတဲ့ ဂျောင်ကုကိုကြည့်ပြီး ဘာစကားမှထွက်မလာ
သူအပြစ်ကြီးလုပ်ခဲ့မိတယ် ဆိုတာကိုတော့နားလည်လိုက်သည်....