part ▪️71

1.3K 204 38
                                    

Finally come out new song.....

ဒီနေ့က MV ထဲ သူနဲ့ဆော့ဂျင် အတူတွဲသရုပ်ဆောင်ထားတဲ့ my dream ဆိုတဲ့သီချင်းထွက်တဲ့နေ့....

ဆော့ဂျင် သူ့အခန်းကနေအိမ်ပြန်သွားတာ ငါးရက်မြောက်နေ့....
သီချင်းက မှန်းထားတဲ့အချိန်ထက် ပိုကြန့်ကြာပြီးမှထွက်ခဲ့ပေမဲ့ သူဖန်တီးသမျှထဲမှာ စိတ်ကျေနပ်မှူအရှိဆုံးသီချင်းလို့ပြောနိုင်တယ် အိမ်မက်တွေကို
လိုက်လံဖမ်းဆုတ်ဖို့ကြိုးစားနေတဲ့
လူငယ်ဘ၀နဲ့
အိမ်မက်တွေဖမ်းမိတဲ့အချိန်မှာတောင် စိုးရိမ်ကြောင့်ကြမှူတွေနဲ့ ဘ၀ကိုဟန်ချက်ညီညီရပ်တည်နိုင်အောင်ကြိုးစားရတဲ့ အရွယ်ရောက်ပြီးသားလူကြီးဘ၀ကို ယှဥ်ပြီး ရေးဖွဲ့ထားခဲ့တဲ့သီချင်း.....

သီချင်းစာသားတွေကတော့ လူငယ်တွေအတွက် မိုတီ ဒါမှမဟုတ် အရွယ်ရောက်သူတွေရဲ့စိတ်ပင်ပန်းမှူတွေကိုနှစ်သိမ့်ဖို့ရည်ရွယ်တယ်လို့ အခြားသူတွေထင်ကြမှာပဲ ကလေးရယ်
တကယ်တမ်းကြ ဒီစာသားတွေဟာ မင်းကိုမြင်ယောင်လွမ်းဆွတ်ရင်း မင်းနဲ့ကိုယ့်အကြောင်းကိုရေးဖွဲ့မိတဲ့ စာသားတွေချည်းပါပဲ....

ကိုယ်ပြောခဲ့သလိုပေါ့ ဆော့ဂျင် မင်းကကိုယ့်ရဲ့ကိုယ်ပိုင်အနုပညာကလေးပဲ
ကိုယ်ရေးတဲ့ သံစဥ်စာသားတွေ ကဗျာတွေစာတွေရဲ့ရည်ညွှန်းသူမူပိုင်ရှင်က မင်းတစ်ယောက်တည်းပါပဲ......

MV ထဲပထမဆုံးသရုပ်ဆောင်တာဆိုပေမဲ့ ကလေးငယ်ကကြည့်ကောင်းလွန်းနေတယ် ကလေးငယ်ပါတဲ့
Scene တွေကိုအကြိမ်ကြိမ်ရစ်ကြည့်ရင်း ဂုဏ်ယူကြည်နူးမှူတွေ ရင်ထဲပြည့်နေခဲ့တယ်.....
ကလေးငယ်က အထွေအထူးမပြင်ဆင်ထားတာတောင် လှရက်လိုက်တာ.....
အင်းလေ ဒီတိုင်းကလေးအသက်ပဲရှူနေမယ်ဆိုရင်တောင် ဆော့ဂျင်ကကြည့်ကောင်းနေမဲ့သူပဲမဟုတ်လား.....

ကလေးငယ်နှုတ်ခမ်းဆူနေပုံ ဆူပုတ်ပုတ်ဖြစ်သွား။တဲ့အခိုက်အတန့်တွကို SS ရိုက်ယူထားမိတယ်
အကျင့်ပါနေတဲ့လက်ကလည်း လုပ်နေကျ လှလှပပ၀တ္တရားတစ်ခုလိုမျိုး ကလေးငယ်ဆီပို့ဖို့ လုပ်နေပြန်သေးတာ ....

ကလေးငယ်ကတော့ အရင်ရက်တွေက ယောင်ယမ်းပြီးပိို့မိထားတဲ့ သူ့စာတွေကိုတောင် ၀င်မကြည့်ခဲ့ဘူးးးးး
ရက်စက်လိုက်တာ ကလေးငယ်ရယ်ဆိုပြီး ဆော့ဂျင်ရင်ခွင်ထဲပစ်တိုးချင်စိတ်တွေက တရိပ်ရိပ်တိုးလို့.......

DEVIL Gardener.....(complete)Where stories live. Discover now