"ဂျောင်ကု ဖေဖေနဲ့စကားပြောရအောင်..."
သားဖနှစ်ယာက်ကြားဆက်ဆံရေးက အရင်တည်းကအေးစက်တယ်ဆိုပေမဲ့ ပိုအေးစက်ရမဲ့အကြောင်းတရားတွေရှိလာတာမို့ ဂျောင်ကုသူ့အဖေကိုအရင်ထက်ပိုရှောင်မိခဲ့တယ်
အဆိုတော်အဖြစ် ပွဲဦးထွက်ဖို့ training တွေယူနေရချိန်ဖြစ်သော်လည်း ကုမ္ပဏီထိ ခပ်ခွာခွာနေတဲ့
သူ့ကို ဖေဖေလည်း မေးစရာရှိနေတဲ့ပုံပဲ....ဂျောင်ကု ခေါင်းညိတ်ပြပြီး ဖေဖေ့စာကြည့်ခန်းထဲကိုလိုက်၀င်လာခဲ့သည်....
"တစ်ခုခုရှိနေတာလား ဂျောင်ကု
ဒီနောက်ပိုင်း ဖေဖေနဲ့သား ပို၀ေးလာတယ်လို့ခံစားရတယ်....""အင်းးးးးကျွန်တော်အဖေ့နားမလာချင်လို့လေ
ငယ်ငယ်က မမှတ်မိတဲ့ မှတ်ဥာဏ်တစ်ချို့ကိုပြန်မှတ်မိလာတယ်...."ဂျောင်ကုစကားကြောင့် သူ့ဖေဖေမျက်နှာမှာ စိုးရိမ်ပုံတစာချက်ပေါ်သွားခဲ့ပေမဲ့ ချက်ချင်းပြန်ထိန်းကာ ဆက်နားထောင်နေသည်....
"ကျွန်တော် မုန်းပေမဲ့လည်း
အဲဒီမြင်ကွင်းတွေ ဖေဖေ မေ့မေ့ကိုရိုက်ခဲ့တာတွေ
အမြဲအော်ဟစ် နာကျင်စေခဲ့တာတွေကို ပြန်မှတ်မိလာတယ်လို့ .....
မှတ်ဥာဏ်တွေ အကုန်မရှင်းလင်းသေးပေမဲ့ ဖေဖေ မေ့မေ့ကိုနာကျင်အောင်လုပ်ခဲ့တာကို သေချာမှတ်မိနေတယ် ....""ဖေဖေက တောင်းပန်ပါတယ် ...."
ဆယ်စုနှစ်တစ်ခုကြာ သူမေ့ပျောက်နေခဲ့တဲ့ မှတ်ဥာဏ်အပိုင်းအစတွေက သူထင်ခဲ့တာထက် နာကျင်စရာကောင်းနေခဲ့တာ...
"ဘာလို့လဲ ဘာလို့အဲဒီလိုတွေ လုပ်ခဲ့ရတာလဲ
ဘာလို့မေမေ့ကို နှိပ်စက်ခဲ့ရတာလဲ...."မျက်ရည်မကျအောင် အံကြိတ်ပြီးစိတ်တင်းပြီးပြောနေတဲ့ဂျောင်ကုမျက်နှာကို သူ့အဖေတစ်ချက်မော့ကြည့်လိုက်သည်....
"ချစ်လို့ဖြစ်ခဲ့ရတာ ချစ်လွန်းလိို့အဲဒီလိုတွေလုပ်မိတာလို့ပြောရင် အဓိပ္ပါယ်မရှိဘူးမလား
ဒါပေမဲ့ ဖေဖေ့မှာ အခြားအကြောင်းပြချက်ပေးစရာမရှိဘူးသား
တစ်ယောက်ယောက်ကိုချစ်တိုင်း မကောင်းဆိုး၀ါးလိုဖြစ်လာတက်တဲ့ ကိုယ့်ကိုယ်ကိုလည်း တကယ်သဘောမကျခဲ့ဘူး ဒါပေမဲ့ ကြောက်ကြောက်လန့်ခန့်နဲ့ပဲလက်ခံခဲ့ရတယ် အဲဒီလိုပုံစံအတိုင်းမွေးဖွားလာတဲ့ ကိုယ့်ကိုယ်ကိုပေါ့...."