ကျောပေးထားတဲ့ လူတစ်ယောက်ကို ကိုယ်ကငေးကြည့်နေခဲ့သလိုမျိုး
ကိုယ့်နောက်ကျောကို ငေးကြည့်နေတဲ့ လူတစ်ယောက်လည်းရှိနေခဲ့တယ် .....
ချစ်ခြင်းမေတ္တာဟာ ဒီလိုပါပဲ ထပ်တူမကျမှူများစွာနဲ့ ထိရှ အက်ကွဲ.......>>>>>
" ဂျီမင်း ဘာလို့ဒီမှာထိုင်နေတာလဲ လာလည်တာလား....."
ဂျီမင်း တံခါးမခေါက်ရဲတော့ကြောင့် ယွန်းဂီစတူဒီယိုရှေ့ အတော်ကြာ ငုတ်တုတ်ထိုင်နေမိတယ်
ဆော့ဂျင်ကလည်း ခုထိ ပေါ်မလာဘူးလေတော်သေးတယ်ပဲ ပြောရမလား မိနစ်20လောက်ကြာတော့ အစ်ကိုယွန်းဂီအပြင်ထွက်လာတယ်
"ဟို လာလည်တာပါ ဆော့ဂျင်ကသူ့အစ်ကိုဆီခဏသွားမယ်ဆိုလို့ဒီကစောင့်နေတာ...."
"ထမင်းသွားစားရအောင်လေ မင်းသူငယ်ချင်းကရောက်လာမှာမဟုတ်ဘူး...."
ဂျီမင်းလည်း ယွန်းဂီနောက်ကို ကြောင်တောင်တောင်လေးလိုက်လာခဲ့ရသည်....
ဆော့ဂျင်ဆီစာပို့လိုက်ပေမဲ့ ဆော့ဂျင်က သူ့စာကိုလုံး၀၀င်မဖက်ဘူးလေ....
မတက်နိုင်ဘူးပေါ့ သူနဲ့အစ်ကိုယွန်းဂီ2ယောက်ပဲ နေ့လည်စာသွားစားရတော့မှာပဲ...."ငါတို့ ဂျီမင်းလေး ဘာလို့နည်းနည်းပဲ စားတာလဲ diet လုပ်နေတာလား...."
"ဟုတ် ကျွန်တော်က ခန္တာကိုယ်ပြည့်လွယ်တော့ အစားရှောင်ရတယ်လေ...."
"ဒါပေမဲ့လည်း ကျန်းမာနေမှဖြစ်မှာပေါ့
ကိုယ့်ကိုယ်ကိုထိခိုက်ရလောက်တဲ့အောင်တော့
မလုပ်နဲ့နော်....""ဟုတ်...."
အစ်ကိုယွန်းဂီဆီက ဒီလိုမျိုးကြားရတာ နွေးထွေးပြီး အားအင်တွေပြည့်သွားသလိုပဲ သဘောကျလိုက်တာ
အခြားသူတွေက အစ်ကိုယွန်းဂီကို အေးစက်တယ်ချေတယ်လို့ပြောပေမဲ့ သူကတော့ အစ်ကိုယွန်းဂီရဲ့နွေးထွေးတဲ့နှလုံးးသားကို မြင်အောင်ကြည့်နိုင်ခဲ့တယ်ထင်ပါရဲ့ နွေးထွေးပြီး သာမန်လူတွေလိုချစ်တက် ခံစားတက်တဲ့ လူတစ်ယောက်လို့ပဲမြင်မိတယ်.....