"အွန်းးးးဒယ်ဒီ...."
ဆော့ဂျင်အိပ်ယာကနိုးလာတော့ သူ့ဘေးမှာမေးထောက်ပြီး သူ့မျက်နှာကိုထိုင်ကြည့်နေတဲ့ ဂျောင်ကုကိုတွေ့လိုက်ရတယ်...
ဒါကအိမ်မက်မဟုတ်ဘူး အချိန်အတော်ကြာပြီးမှ ပထမဆုံးအကြိမ် ပြန်ပြီး စိတ်သက်သာပျော်ရွှင်ခဲ့ရတဲ့နေ့တွေပဲ....
ညကသူတို့ အတော်နဲ့မအိပ်ဖြစ်ခဲ့ကြဘူး အရင်ကအကြောင်းတွေလည်းပြန်ပြောဖြစ်ခဲ့ကြတယ်....
ပြီးတော့ အပြန်အလှန်သ၀န်တိုရင်း ရန်သတ်ရသေးတယ် ရန်သတ်တယ်ဆိုပေမဲ့ သူကချည်းဒယ်ဒီ့ကို ထုရိုက်ကုန်းကိုက်ပစ်ခဲ့တာ...ပြသာနာပဲ ငါအသက်ကြီးလာတာနဲ့ ပိုပြီးစိတ်တိုလွယ်လာသလိုပဲ ဒယ်ဒီနဲ့ပတ်သက်ရင်ပိုဆိုးတယ် ဘယ်လိုလုပ်ရမလဲ
ဒယ်ဒီသာ ငါ့ကိုစိတ်ကုန်သွားရင်တော့.... ..."ဒယ်ဒီ နာသွားလားဟင်...."
ဆော့ဂျင်က အိပ်ယာနိုးနိုးချင်း သူ့ပခုံးစွန်းနဲ့ လက်ဖျံတွေကိုဖွဖွကိုင်ပြီး မေးလာခဲ့တယ်
ညကတော့ ရန်လိုနေတဲ့ခွေးပေါက်ကလေးလို အတင်းဆွဲကိုက်ခဲ့ပြီး ခုကျစိတ်ပူနေပုံပဲ...."မနာပါဘူးကလေးရယ် ဒီလောက်ကကိုယ့်အတွက်တော့ပန်းနဲ့လာပေါက်သလိုပဲ..."
"ဒါဆို ကျွန်တော့်ကိုဒယ်ဒီ စိတ်ကုန်လား...."
"ဟာကွာ ပေါက်ကရတွေ ကိုယ်ကမင်းကိုဘယ်လိုလုပ်ပြီးစိတ်ကုန်မှာလဲပေါက်စရဲ့ မင်းလုပ်သမျှကိုချစ်စရာကောင်းတယ်ချည်းမြင်လို့တောင် ခက်နေတာ...."
သူ့ပါးကလေးကိုဆွဲပြီး ခပ်ပြုံးပြုံးမျက်နှာနဲ့ပြောလာတဲ့ဂျောင်ကုကြောင့် ဆော့ဂျင်ကျေနပ်မိသည်
ဒီလောက်ဆို ဒယ်ဒီကသူ့ကိုစိတ်မကုန်သေးလောက်ဘူးပဲ သူသက်သက်အတွေးလွန်မိသွားတာ....."ဒယ်ဒီကဘာလို့ထိုင်ကြည့်နေတာလဲ ဒီနေ့အလုပ်သွားစရာမလိုဘူးလား...."
"ကိုယ်နားရက်ယူထားတာလေ ကလေးရဲ့
သီချင်းအသစ်ထွက်ခါနီးပြီ အဲဒီအချိန်ကျရင်အရင်လိုအလုပ်ပြန်များရဦးမှာ ခုတော့ကလေးနားကပ်ပါရစေဦးကွာ...."