ချစ်ခြင်းမေတ္တာဟာ အမျိုးမျိုးအသွင်ပြောင်းနိုင်တယ် ရနံ့သင်းတဲ့ ပန်တစ်ပွင့်
ဒါမှမဟုတ် ဒဏ်ရာရစေတဲ့ ဆူးတစ်ချောင်း.....
မင်းကတော့ ကိုယ်တယုတယ စိုက်ပျိုးနမ်းရှိုက်ချင်တဲ့ဆူးပင်ငယ်ကလေးပဲ
လှပတဲ့ပန်းတွေပွင့်နိုင်သလို ဆူးတွေလည်းအပြည့်ရှိနေတာမျိုးပေါ့....>>>>>
"အဲဒီတော့ ငါ့ကားနဲ့မင်းဟာလေးကိို ညစျေးလိုက်ပို့ခဲ့တယ်ပေါ့...."
"ဟာဗျာ hyung ကလဲ ဆော့ဂျင်က ကျွန်တော်တို့အိမ်ကအဖိုးတန်လေးပါ မင်းဟာလေးလို့မပြောပါနဲ့...."
"ငါ့မှာ ဘယ်လောက်ပူပန်ရလဲ သတင်းထောက်ပါပါရာဇီတွေဆီမှာမိမလား ပရိတ်သတ်တွေပဲမင်းကိုမှတ်မိမလား လိုက်တွေးပူရတာ...."
"တော်ပါဗျာ hyung ရဲ့ ကားသစ်ကိုပူတာမဟုတ်ဘူးလား ...."
"အဟမ်း အဲဒါလည်းနည်းနည်းတော့ပူတာပေါ့ ဒါနဲ့မင်းအတော်ရဲတင်းတာပဲ ဘေထုတ်တောင်သွားရွေးလိုက်သေး...."
ဂျေဟုတ်မျက်နှာကို တစ်ချက်လှမ်းကြည့်ပြီး ဂျောင်ကုသဘောကျစွာပြုံးလိုက်မိတယ်...
ရဲတင်းတယ်ဆိုတာထက် ဆော့ဂျင်ကိုပျော်စေချင်တဲ့စိတ်ကြောင့် အခြားဘာကိုမှသတိမထားနိုင်ခဲ့တာမျိုးပါပဲ အချစ်က သတ္တိစွမ်းအားတွေပေးနိုင်သလို
တစ်ခါတစ်လေ မိုက်ရူးရဲဆန်စေတက်တဲ့ အရာမျိုးပဲလေ ဒီ hyung ကတော့နားမလည်လောက်ဘူးပေါ့....."မင်းဆော့ဂျင်ကို ချစ်နေတာမလား....
မင်းတို့ သွေးသားမတော်တာလည်းငါသိတယ်...."ဂျေဟုတ်စကားကြောင့် ဂျောင်ကုအံသြသွားရတယ် ဒီ hyung ဘယ်လိုများသိသွားတာပါလိမ့်
သူကတော့ မပြောပြခဲ့ဘူးတာသေချာတယ်...." ဘယ်လိုသိတာလဲ ...."
"ဒီတိုင်း ငါဘယ်သူ့ကိုမှမပြောပါဘူး အဲဒါကလွယ်ကူတဲ့အချစ်ရေးမဖြစ်နိုင်တာတော့ သိတယ်...
ဂျောင်ကု မင်းတို့ကအနေနီးလွန်းလို့ အဲလိုထင်နေတာရောမဖြစ်နိုင်ဘူးလား ဆော့ဂျင်ချစ်စရာကောင်းလို့သဘောကျတာကို မင်းစိတ်ထဲချစ်တယ်လို့ထင်နေတာများလား အကြာကြီးညီအစ်ကိုတွေလိုရှိခဲ့ကြတာဆိုတော့ လွယ်လွယ်စိတ်ပြောင်းလာတာဟုတ်နိုင်ပါ့မလား...."